မြောက်ကိုရီးယားရဲ့ရန်ကိုကာကွယ်ဖို့ ဘတ်ဂျက်တွေတောင်တိုးမြှင့်ပြီး အင်အားကောင်းတဲ့ဒုံးကျည်အသစ်များထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ တောင်ကိုရီးယား

//s9.kh1.co/8e/8ed767b202092a56e831fc91ce9e9de4270e5c05.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြောက်ကိုရီးယားရဲ့ရန်ကိုကာကွယ်ဖို့ ဘတ်ဂျက်တွေတောင်တိုးမြှင့်ပြီး အင်အားကောင်းတဲ့ဒုံးကျည်အသစ်များထုတ်လုပ်ဖို့ ပြင်ဆင်နေတဲ့ တောင်ကိုရီးယား

လက်ရှိမှာဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံကလည်း တစ်နှစ်ပြီးတစ်နှစ် ပိုမိုတိုးတက်လာတာကို တွေ့ရပါတယ်။ဒါ့အပြင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့အခြေအနေကလည်း ယခင်အတိုင်းပဲရှိနေဆဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကတော့ မြောက်ကိုရီးယားရဲ့ရန်ကို ကာကွယ်ဖို့အတွက် အင်အားပိုမိုကောင်းမွန်တဲ့ ဒုံးကျည်အသစ်များကိုထုတ်လုပ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။ကာကွယ်ရေးအတွက် ဘတ်ဂျက်တိုးမြှင့်ပေးပြီး စစ်ရေးပုံစံအသစ်ကိုပြသလိုက်တာဖြစ်ပါတယ်။

Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 

နောက်ငါးနှစ်တာကာလအတွင်းမှာ ကာကွယ်ရေးအစီအစဉ်အတွက် ဝမ် ၃၁၅.၂ ထရီလီယံ (စင်ကာပူဒေါ်လာ၃၆၆ဘီလျံ) ကို သတ်မှတ်ထားတာဖြစ်ပါတယ်။အဲ့ဒီပမာဏကတော့ ၂၀၂၂ ခုနှစ်မှ ၂၀၂၆အထိ ပျှမ်းမျှ၅.၈ရာခိုင်နှုန်းတိုးမြှင့်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ (၂)ရက်နေ့က ကြေငြာခဲ့တာဖြစ်ပါတယ်။ဘတ်ဂျက်ရဲ့ (၆၆)ရာခိုင်နှုန်းခန့်ကိုတပ်ဖွဲ့များစီမံခန့်ခွဲမှုအတွက်အသုံးပြုပြီးကျန်ငွေများကိုကာကွယ်ရေးစွမ်းရည်တိုးတက်စေရန်ဖြစ်ပါတယ်။

Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 

တောင်ကိုရီးယားနိုင်ငံက သူတို့ရဲ့ဒုံးကျည်ပစ်လွှတ်နိုင်တဲ့အကွာအဝေးကိုချဲ့ထွင်လျှင် တရုတ်အနေနဲ့စိတ်ဆိုးသွားနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တချို့က သတိပေးကြပါတယ်။ကိုရီးယားကျွန်းဆွယ်အတွက် ဖြစ်နိုင်ချေရှိတဲ့ခြိမ်းခြောက်မှုများကို ဟန့်တားပြီး အဓိကပစ်မှတ်များကိုတိုက်ခိုက်နိုင်စွမ်းတိုးတက်စေမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အကြောင်းကို ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။

Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 
Photo Credit:From Google 

Source:The Straits Times

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T