မိုးရေတွေ စိုရွှဲပြီး လမ်းဘေးမှာ အတော်လေး ဒုက္ခရောက်နေတဲ့ သားအမိနှစ်ယောက်ရဲ့ အခက်အခဲတွေကို စိတ်မကောင်းစွာ ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/de/de59169b9c9c8e92426a5fcb3f04afb6d394049d.jpeg
နေ့စဉ်သတင်းများ

 ၀၄-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.....

အခြေအနေတွေ မျိုးစုံ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလို ကာလတွေမှာ ပြည်သူ ပြည်သားတွေခမျာ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေကို များစွာ ကြုံတွေ့နေကြရပါတယ် ။ တစ်နေ့ ကို ထမင်းတစ်နပ် စားရဖို့တောင် ခက်ခဲနေကြသူတွေ မနည်းပါဘူး ။ တစ်ချို့ဆို နေစရာ နေရာတောင် မရှိလို့ လမ်းမမှာပဲ အဆင်ပြေသလို နေနေကြရသူတွေ ရှိနေပါတယ် ။

Photo Credit : ကိုဝမ်း 
Photo Credit : ကိုဝမ်း 

အခုလည်း မန္တလေးမြို့မှာ သားအမိနှစ်ယောက် နေစရာအိမ်မရှိလို့ ကျုံးဘေး မှာပဲ မိုးရေထဲ ခက်ခဲစွာ နေနေကြတဲ့ စိတ်မကောင်းစရာ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။ လမ်းသွားလာရင်းတွေ့ရှိသူတွေက မိုးရေတွေလည်း စိုရွှဲနေတဲ့ သူတို့ သားအမိနှစ်ယောက်ကို မကြည့်ရက်တာကြောင့် အကျိုးအကြောင်း မေးရင်း ကူညီမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့လည်း ရေးသားဖော်ပြထားပါတယ် ။

Photo Credit : ကိုဝမ်း 
Photo Credit : ကိုဝမ်း 
Photo Credit : ကိုဝမ်း 
Photo Credit : ကိုဝမ်း 

ယောင်္ကျားဖြစ်သူနဲ့ ကွဲတာကြာပြီဖြစ်ပြီး အလုပ်ကလည်းမရှိသလို လသား ကလေးက တစ်ဖက်နဲ့ အတော်လေး ဒုက္ခရောက်နေတယ်လို့သိရပါတယ် ။ ဒါ့အပြင် အိမ်လခ မပေးနိုင်တာကြောင့် အိမ်ပေါ်ကဆင်းပြီး ခြေဦးတည့်ရာ လျှောက်သွားရင်း လမ်းမှာပဲ နေထိုင်ရကြောင်းလည်းဖော်ပြထားပါတယ် ။ ဒီအဖြစ်ကို ကြားသိပြီး ကိုယ်ချင်းစာနာတာကြောင့် ဒီသားအမိနှစ်ယောက်အတွက် ONE TO ONEကလေး လူနာကူညီရေးမှ ကိုဝမ်းက အလှူငွေနှစ်သောင်းနဲ့ နေဖို့ အိမ်ခန်းလေးကို နှစ်လစာ ဌားပေးခဲ့တယ်လို့ရေးသားထားပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း သားအမိနှစ်ယောက် အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : ကိုဝမ်း 
Photo Credit : ကိုဝမ်း 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T