တော်လှန်ရေးအရေးတော်ပုံကြီးအတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကိုစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။ အခက်အခဲတွေအမျိုးမျိုးကြားက မိသားစုလိုက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေရှိသလို နှောင်ကြိုးတွေကို နောက်ဆံတင်းစွာထားခဲ့ပြီး အများအကျိုးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်း ရှိနေကြပါတယ်..။
ချီးကျူးစရာကောင်းလောက်အောင် ကျရာတာဝန်ကိုထမ်းကာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်၊ ဒါရိုက်တာသည်ခေတ်နဲ့ မင်းမော်ကွန်းတို့ မိသားစုတွေကလည်း အပါအဝင်ပါပဲ။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး နေထိုင်ဖြတ်သန်းနေတဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေလေ့ရှိကြတာလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ဒါရိုက်တာ သည်ခေတ်နေတစ်ယောက် သူ့ကို ဆံပင်ညှပ်ပေးနေတဲ့ စွယ်စုံအနုပညာရှင်ကြီး ဒါရိုက်တာကိုပေါက်နဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ်။
လွတ်မြောက်နယ်မြေမှာ ဟင်းချက်တာဝန်ယူထားတဲ့အပြင် အားကိုးရလောက်အောင် ဘတ်စုံတော်ပြီး ဆံပင်ပါညှပ်တတ်တဲ့ ဒါရိုက်တာကိုပေါက်ကို သဘောကျစွာချီးကျူးလိုက်တာ ဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်အဖြစ်၊ ဇာတ်ညွှန်းရေး ဝတ္တုရေးသလို ပန်းချီဆွဲတာနဲ့ သီချင်းရေးတာအပြင် ဟင်းလည်းချက်တတ်ပြီး အခုလည်း သူ့ရဲ့ဆံပင်ကို သေသေချာချာကျကျနန ညှပ်ပေးနေတဲ့ ကိုပေါက်ရဲ့လက်စွမ်းကိုလည်း ပြသထားပါသေးတယ်..။
ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကြည့်ကာ သဘောကျနေပြီး တော်လှန်ရေးသူရဲကောင်းတွေအားလုံး ရောက်တဲ့နေရာတိုင်းမှာ အန္တရာယ်ကင်းပြီး ဘေးရှင်းစွာနဲ့ ပြန်လာကြဖို့ ဆုတောင်းရင်းအားပေးထားကြပါတယ်နော်..။
သတင်း အရင်းအမြစ်៖ The Khit Nay's Fb Acc