ယနေ့ စက်တင်ဘာ ၃ ရက်ေန့သည် အမေရိကန် ရက်ပ် အဆိုတော် Redfoo ၏ ၄၆နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။
Redfoo သည်နာမည်ကျော်ကြားသော အမေရိကန်ရက်ပ်အဆိုတော်၊ တေးရေးဆရာ၊ dancer ၊ အသံသွင်းထုတ်လုပ်သူလည်းဖြစ်ပြီး၊ LMFAO Team ၏တစ်စိတ်တစ်ပိုင်းအဖြစ်လည်းလူသိများကြပါတယ်။ သူ့ရဲ့နာမည်ကြီးသီချင်း "Party Rock Anthem" ကိုတော့ Redfoo ဟာ ၂၀၀၆ ခုနှစ်မှာသူရဲ့တူဖြစ်သူ Sky Blu နှင့်နှစ်ယောက်အတူသီဆိုခဲ့ပါတယ်။
Redfoo ဟာ ၂၀၁၃ ခုနှစ် တကိုယ်တော်မထွက်ခင် သူ့တူနှင့် နှစ်ဦးေပါင်းကာစတူဒီယိုအယ်လ်ဘမ်နှစ်ခုကိုဖြန့်ချိခဲ့တယ်။ ပြီးတော့ Redfoo ဟာ Motown Record Corporation တည်ထောင်သူ Berry Gordy Jr ၏အငယ်ဆုံးသားလည်းဖြစ်ပါတယ်။
"Party Rock Anthem"သီချင်းလေးကိုပရိတ်သတ်တွေ နားဆင် ပြီးညစ်နေတဲ့စိတ်တွေ ပျောက်ကင်းစေဖို့အတွက် music video လေးကို တခါတည်းတင်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Redfoo-wikipedia.com