နေအိမ်ကပစ္စည်းတွေကို အတင်းယူဆောင်ပြီး ကိုင်းလယ်စခန်းဆီ ခေါက်တုံ့ခေါက်ပြန်သယ်နေ​ကြလို့ ကြောက်လန့်ကာ ထွက်ပြေးနေတဲ့ ပြည်သူများ

//s9.kh1.co/b3/b3d255ccbafa96bc1c3c4b287c431be91d5d9aff.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

နေအိမ်ကပစ္စည်းတွေကို အတင်းယူဆောင်ပြီး ကိုင်းလယ်စခန်းဆီ ခေါက်တုံ့ခေါက်ပြန်သယ်နေ​ကြလို့ ကြောက်လန့်ကာ ထွက်ပြေးနေတဲ့ ပြည်သူများ

မကွေးတိုင်း၊ပခုက္ကူခရိုင် ပေါက်မြို့နယ်က ကျေးရွာတွေထဲမှာ ဝင်ရောက်တပ်စွဲထားမှုတွေကြောင့် ဒေသခံပြည်သူတွေ ဟာ ဘေးကင်းလုံခြုံရာနေရာတွေဆီ သွားရောက်ပြီး စစ်ဘေးရှောင်နေခဲ့ရပါတယ်။ ယခုလိုမိုးတွင်းကာလကြီးမှာ နေအိမ်တွေကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရတာကြောင့် ပြည်သူတွေဟာ ဒုက္ခတွေရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။ အလှူရှင်တွေ လှူဒါန်းထားတဲ့ ပစ္စည်းတွေဟာလည်း မီးရှို့ဖျက်ဆီးခံရသလို နေအိမ်တွေလည်း ရစရာမရှိအောင် ဖျက်ဆီးခံရတာမျိုးတွေက ပေါက်မြို့နယ်က ကျေးရွာတွေမှာ အများအပြားရှိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ(၂)ရက်နေ့ ယနေ့မှာတော့ အာဏာရှင်လူတစ်စုဟာ ပေါက်မြို့နယ်တောင်ပိုင်း တောင်ဘက်ကျေးရွာက နေအိမ်တံခါးတွေကို ဝင်ရောက်ဖျက်ဆီးပြီး မွှေနှောက်ရှာဖွေနေကြကြောင်း သိရှိရပါတယ်။ တူတွေကိုင်ပြီး တောင်ဘက်ရွာက လူနေအိမ်တွေရဲ့ တံခါးတွေကို ရိုက်ဖွင့်ကာ နေအိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အတင်းယူဆောင်သွားနေခဲ့တာပဲ ဖြစ်ပါတယ်။ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူပြီး ပရဟိတကားတွေနဲ့ ကိုင်းလယ်စခန်းဆီ ခေါက်တုံ့ခေါက်ပြန် သယ်နေ​ကြကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုလိုရွာထဲအတင်းဝင်ရောက်ပြီး ပစ္စည်းတွေယူဆောင်နေတာကြောင့် တောင်ဘက်ကျေးရွာသားတွေက ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာကိုလည်း အာဏာရှင်လူတစ်စုက ယနေ့မှာ မီးရှို့မှုတွေလုပ်ဆောင်နေကြောင်း ဒေသခံရဲ့ ရေးသားပြောဆိုချက်အရ သိရှိရပါတယ်။ရွာထဲကို ဝင်ရောက်ပြီး လက်နက်တွေကိုင်ဆောင်ကာ မွှေနှောက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တောင်ဘက်ကျေးရွာသားတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T