အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အသက် ငါးနှစ်အရွယ်ကလေးလေးတစ်ဦးဟာ လွန်ခဲ့တဲ့ တစ်လလောက်ထဲက နှိပ်စက်အသတ်ခံခဲ့ရပါတယ်။
ဒီကလေးလေးသေဆုံးခဲ့ရတဲ့အကြောင်းရင်းကိုတော့ ဟိုတယ်အခန်းနံရံနဲ့ ရိုက်နှက်နှိပ်စက်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပီးတော့ ကလေးငယ်လေးရဲ့ မိခင်ဖြစ်သူ Nickolle Cristina Aguilar နဲ့ သူမရဲ့လက်တွဲဖော် Daniel Garcia တို့ဟာ လက်ရှိမှာ ဖမ်းဆီးခံထားရပါတယ်။
အာဏာပိုင်တွေအနေနဲ့လည်း မိခင်ဖြစ်သူရဲ့လက်တွဲဖော် Daniel Garcia က ဒီကလေးငယ်ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက နှိပ်စက်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။
ဒီငါးနှစ်ကလေးငယ် သေဆုံးသွားတဲ့နောက်မှာတော့ မိခင်ဖြစ်သူနဲ့သူမရဲ့လက်တွဲဖော် Daniel တို့ဟာ ကိုလိုရာဒိုကို သွားခဲ့ပြီး အဲ့နေရာမှာ ရှိတဲ့ တောင်တန်းအမျိုးသားဥယျာဉ်နားမှာ နေထိုင်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူ အမျိုးသမီးဟာ သူမရဲ့လက်တွဲဖော် Daniel Garcia ဟာ သူမရဲ့ သားဖြစ်သူကို San Antonio ရှိတဲ့ ဟိုတယ်အခန်းနံရံနဲ့ ရိုက်နှက်ပြီး သေဆုံးစေခဲ့တယ်လို့ အာဏာပိုင်တွေကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
သို့ပေမယ့်လည်း မိခင်ဖြစ်သူ Aguilar ဟာ သူမရဲ့လက်တွဲဖော်ဟာ ကလေးကို ဟိုတယ်အခန်းနံရဲ့ တိုက်ပြီး ရိုက်နှက်နေတဲ့ အချိန်မှာတောင် ကြားဝင်ဟန့်တားမှု မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူမဟာ သူ့လက်တွဲဖော်နဲ့ ဆက်ဆံရေး မပျက်ပြားစေချင်လို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ August 25 ရက်နေ့မှာတော့ မိခင်ဖြစ်သူ Aguilar ဟာ အာဏာပိုင်တွေကို ကိုလိုရာဒို တောင်တန်းအမျိုးသားဥယျာဉ်အနီးအနားက မြေမြှုပ်ခဲ့တဲ့နေရာကို ပြောပြခဲ့တဲ့အတွက် ကလေးလေးရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
အာဏာပိုင်တွေ ဒီကလေးရဲ့ အလောင်းကို ရှာတွေ့တဲ့အချိန်မှာတော့ တစ်လလောက် ကြာနေပြီ ဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ အပုတ်အပွစားသောက်တတ်တဲ့ ပိုးမွှားကောင်တွေရဲ့ ဒဏ်ကို ခံထားရတဲ့ သဘော ရှိနေခဲ့တယ်။
လက်ရှိမှာတော့ ဒီအမှုကို ဆက်လက်စစ်ဆေးနေပြီး မိခင်ဖြစ်သူ Aguilar နဲ့ သူ့လက်တွဲဖော် Daniel တို့ဟာ ကလေးလေးကိုသေစေမှုနဲ့ ဆက်လက်တရားရင်ဆိုင်သွားရဦးမယ်လို့ သိရပါတယ်
သတင်း အရင်းအမြစ်៖ Daily Star