(၁၉၅၁) ခုနှစ်က တောင်အမေရိကတိုက် ဗာဂျီးနီးရားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အဓမ္မမှုတစ်ခုဟာ အတော်လေးကို ဆိုးဝါးခဲ့ပါတယ်။ နစ်နာသူဟာ အသက် (၃၂) နှစ်အရွယ် Ruby Stroud Floyd ဆိုသူ လူဖြူအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကျူးလွန်သူဟုယူဆရသူတွေကတော့ Francis DeSales Grayson, (၃၇) နှစ်၊ Booker T. Millner, (၁၉) နှစ်၊ Frank Hairston Jr. , (၁၉) နှစ်၊ Howard Lee Hairston, (၁၈) နှစ်၊ James Luther Hairston အသက် (၂၀)၊ ဂျိုးဟင်နရီ Hampton, (၁၉) နှစ်နှင့် John Claybon Taylor, (၂၁) နှစ်၊ စုစုပေါင်း (၇) ယောက် တို့ပဲဖြစ်ပါတယ်။ ထိုခေတ်အခါက လူဖြူလူမည်းခွဲခြားမှုတွေ ရှိခဲ့ပြီး ကျူးလွန်သူဟုယူဆရတဲ့ လူမည်းအမျိုးသား (၇) ယောက်ကို သေဒဏ်မပေးစေဖို့အတွက် (၁၉၅၁) ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် သမ္မတ Harry Truman ရဲ့ အိမ်ဖြူတော်ရှေ့မှာဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
သို့ပေမယ့်လည်း (၁၉၅၁) ခုနှစ်ဖေဖော်ဝါရီ (၂) ရက်နေ့မှာတော့ ဗာဂျီးနီးယားပြည်နယ် တရားစီရင်ရေးရုံးရဲ့ လျှပ်စစ်ထိုင်ခုံမှာ ကျူးလွန်ခဲ့သူတွေဟုယူဆရသူတွေထဲက အမျိုးသားလေးဦးကို အရင်ဆုံးကွပ်မျက်ခဲ့ပါ တယ်။ နောက်ထပ်သုံးရက်အကြာမှာတော့ ကျန်ရှိနေတဲ့ အမျိုးသားသုံးဦးကို ထိုးနည်းတူပဲ ထပ်မံကွပ်မျက် ခဲ့ပါတယ်။ (၁၉၅၁) ခုနှစ် ဝန်းကျင်မှာ အဓမ္မမှုဟာ အကြီးမားဆုံးပြစ်မှုဖြစ်ခဲ့ပြီး ကျူးလွန်သူတွေကိုလည်း အကြီးလေးဆုံးပြစ်ဒဏ်ချမှတ်ခဲ့ကြပါတယ်။ ကျူးလွန်သူဟုယူဆရသူ အမျိုးသား (၇) ဦးရဲ့ မိသားစုဝင် တွေကတော့ လူစုလူဝေးနဲ့ ခြိမ်းခြောက်ခံခဲ့ရပြီး တစ်ဖက်တရားလိုကို ခုခံကာကွယ်ပေးမယ့် ရှေ့နေမရှိတာကြောင့် အခုလိုဖြစ်ခဲ့ရတာလို့ လျောက်လဲချက်ပေးခဲ့ကြပါတယ်။
ဒီဖြစ်ရပ်တွေအပြီးနှစ်ပေါင်း (၇၀) အကြာ (၂၀၂၁) ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ အင်္ဂါနေ့မှာတော့ ဗာဂျီးနီးယားပြည်နယ်ရဲ့ Northam တရားရုံးက ဒီပြစ်မှုဟာ လူဖြူလူမဲခွဲခြားမှုတွေပါရှိနေပြီး လွတ်လပ်သောတရားစီရင်ရေးရဲ့ အဆုံးအဖြတ်ကို အပြည့်အဝမရရှိခဲ့ဘူးလို့ယူဆပြီး သေဒဏ်ချမှတ်ခံခဲ့ ရတဲ့ လူမည်း (၇) ယောက်အတွက် မိသားစုဝင်တွေရှေ့မှာပဲ ဒီပြစ်မှုကနေ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ယင်းတရားသူကြီးကပဲ လူတိုင်းဟာ တရားမျှတပြီး လွတ်လပ်တဲ့စီရင်မှုကိုခံယူဖို့ ထိုက်တန်ကြောင်းနဲ့ လူမည်း (၇) ယောက်အတွက် တရားမျှတမှု လိုလားသူတွေအပြင် အမှန်တရားဖြစ်စေဖို့ အခုထိကြိုးစားပေးနေကြတဲ့ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။
သတင်း အရင်းအမြစ်៖ CNN's FB Acc