အမည်မဖော်လိုတဲ့ South African မိန်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ Augest လ ၃၀ ရက်နေ့က Libode မှာရှိတဲ့ သူမရဲ့နေအိမ်မှာပဲ ထူးဆန်းတဲ့ရောဂါနဲ့ ကလေးငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။
သူမဟာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မိခင်တစ်ဦးဖြစ်ပြီး သူမမွေးဖွားခဲ့တဲ့ကလေးလေးရဲ့ ပုံစံဟာ သူ့ထက်တောင်အသက်ကြီးနေသလို ဖြစ်နေပါတယ်။
သူမမွေးဖွားခဲ့တဲ့ ကလေးလေးဟာ ပုံပျက်နေတဲ့လက်တွေနဲ့ မျက်နှာကလည်း အသက်တော်တော်ကြီးတဲ့ မိန်းမကြီးတစ်ယောက်ရဲ့ ပုံစံဖြစ်နေတာပဲ ဖြစ်ပါတယ်။
ဒီကလေးလေးဟာ Hutchinson-Gilford syndrome လို့ခေါ်တဲ့ ဖြစ်ခဲလှတဲ့ရောဂါဝေဒနာကိုခံစားနေရတာကြောင့် သူ့ရဲ့ပုံစံဟာ အခုလိုဖြစ်နေခဲ့တာပါ.
ဒီကလေးလေးရဲ့ အရေပြားဟာလည်း အသက်အရမ်းကြီးနေတဲ့ အဘွားကြီးတစ်ယောက်လို တွန့်ကြေနေခဲ့ပြီး ငိုလဲမငိုဘူးလို့သိရပါတယ်။
ဒီကလေးလေးရဲ့ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာချိန်မှာတော့ လူတွေဟာ သူ့ပုံစံဟာ အသက်ကြီးကြီးအဘွားအိုကြီးနဲ့တူတယ် ပီးတော့ မျောက်ဝံတစ်ကောင်နဲ့တူတယ်ဆိုပီး မှတ်ချက်ပေး ပြောဆိုနေတာကိုတွေ့ရပါတယ်။
မိခင်ဖြစ်သူကတော့ ဒီကလေးလေးကို အသက်ရှင်နေဆဲ ကာလပတ်လုံး စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ dailystar