လတ်တလော နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်ကာလတွေမှာ ယာဥ်မတော်ဆတွေဖြစ်ပွားမှုတွေကလည်း မကြာခဏဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ အထူးအဖြင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးမှာ ပိုမိုဖြစ်ပွားပြီး တစ်ခါတရံ လူသေဆုံးမှုတွေပါ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ယခုမှာလည်း အဆိုပါ အမြန်လမ်းမကြီးမှာ စတင်ဘာလ (၁)ရက် နေ့လည်ပိုင်းလောက်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်လာခဲ့ပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၀၃/၇)နှင့် (၂၀၄/၀)ကြားမှာ MINI BUS (အဖြူရောင်)ယာဉ်တစ်စီးဟာ ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘလောက်တုံးများအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားတိမ်းမှောက်မှုကြောင့် လူသေဆုံးခဲ့တာတွေ မရှိခဲ့ပေးမယ့် ယာဥ်ပေါ်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ကျား(၃)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၇)ဦးတို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာများကို ကယ်ဆယ်ရေးအဖွဲ့တွေက နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက်မှုမှာ လူသေဆုံးတာမရှိခဲ့ပေမယ့် ကားကတော့ ရစရာမရှိအောင် ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ယခုလို ယာဥ်မတော်ဆ ဖြစ်စဥ်တွေဟာ မကြာခဏဖြစ်ပွားနေတာကြောင့် ပရိသတ်တွေလည်း သတိထားစေဖို့အတွက် ဒီဖြစ်စဥ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - MFSD