အာဏာရှင်လူတစ်စုကပေးတဲ့ လစာကိုမယူဘဲ မိမိကာယခွန်အားတွေနဲ့ လွတ်မြောက်နယ်မြေတစ်နေရာမှာ ရှာဖွေလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူ့ဘက်တော်သားတချို့

//s9.kh1.co/a8/a8b6b12b9ce7602582abdecff8cf044ac13b1bd9.jpg
နေ့စဉ်သတင်းများ

 ၀၂-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.


ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ ပြည်သူ့အာဏာ သိမ်းယူသွားပြီးနောက် ဒီမိုကရေစီကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ နယ်ပယ်အသီးသီး၊ အလွှာအသီးသီးက နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာရှင်တွေရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ အတွက် CDMများပြုလုပ်ပြီး ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ ဒီလို နိုင်ငံ့ဝန်ထမ်းတချို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ သူတွေကို အာဏာရှင်တွေက ၅၀၅(က)ဖြင့် မတရားပုဒ်တွေနဲ့ အမှုဖွင့်တရားစွဲဆိုတာတွေရှိသလို ဖမ်းဆီးခံကတာတွေလည်းရှိလာခဲ့ပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

လက်ရှိမှာ ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိမြင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းများကို အမှန်တရားဘက်ကနေရပ်တည်ခဲ့တာကြောင့် ပြည်သူတွေကလည်း ချီးကျူးဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။ တချို့ CDM ပြုလုပ်ထားတဲ့ နိုင်ငံ့ဝန်ထမ်းများဟာ အာဏာရှင်လူတစ်စုရဲ့ လစာကိုမယူတော့ဘဲ မိမိကာယခွန်အားတွေနဲ့ လုပ်ကိုင်ရှာဖွေစားသောက်နေကြတာဖြစ်ပါတယ်။ ယခုမှာလည်း လူမှုကွန်ယက်တွေမှာ ပြည်သူ့ဘက်တော်သားတွေရဲ့ လေးစားစရာ ပုံရိပ်တချို့ဟာ ပျံ့နှံ့လို့လာခဲ့ပါတယ်။

Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen
Photo Credit - Zalen

ဒါကတော့ ဓမ္မနဲ့ အဓမ္မ ကိုသိမြင်ပြီး အာဏာရှင်လူတစ်စုရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ ပြည်သူ့ဘက်တော်သား CDM ရဲဝန်ထမ်းတွေပဲဖြစ်ပါတယ်။ သူတို့ဟာ အာဏာရှင်လူတစ်စုကပေးတဲ့ လစာမယူဘဲ လွတ်မြောက်နယ်မြေတစ်နေရာမှာ မိမိကာယခွန်အားတွေနဲ့ ရိုးသားစွာ လုပ်ကိုင်စားသောက်ကြတာ ဖြစ်ပါတယ်။ ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်စားသောက်နေကြတဲ့ အဆိုပါ CDM ရဲဝန်ထမ်းများကို ပြည်သူတွေက ချီးကျူးထားကြတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း ကာယခွန်အားနဲ့  လုပ်ကိုင်စားသောက်နေတဲ့ အဆိုပါ CDM ရဲဝန်ထမ်းကို အားပေးစကားတွေ ပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - Zalen




Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T