ဒီကာလမှာ ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို လူကြီးလူရွယ်မရွေး ခံစားနေကြရတာ ဖြစ်ပါတယ်။ အမှတ်မထင် နေမကောင်းဖြစ်ရာမှစပြီး ဒီရောဂါဆိုးကြီးဟာ ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကပ်ဆိုးကြီးကို အဆုံးထိ တွန်းလှန်တိုက်ထုတ်ပြီး ပြန်လည်ကျန်းမာလာသူများလည်း ရှိသကဲ့သို့ အသက်ဆုံးရှုံးသူများလည်း ရှိနေကြောင်း စိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။
သရုပ်ဆောင် ဆုအိမ့်စံကိုယ်တိုင်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်တွင် ရှောင်တိမ်းနေရချိန်အတွင်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့်စိတ်ဓာတ်ကျခဲ့ပေမယ့် အဆုံးထိတွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြောင်း ပရိသတ်တွေကို ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။ မိဘတွေကို စိတ်ပူပေမယ့် အနားမှာ ရှိမပေးနိုင်၊ မသွားနိုင်ခဲ့တဲ့အခြေအနေကြောင့် အရမ်းကို ခက်ခဲခဲ့ရကြောင်း ရေးသားထားပါသေးတယ်။ ခံစားချက်တွေကို နားလည်တဲ့အတွက် ဆုံးရှုံးသွားတဲ့ တစ်ယောက်ချင်းစီကိုလည်း ကိုယ်ချင်းစာမိကြောင်း ဖွင့်ဟပြောပြထားပါတယ်။
လက်ရှိချိန်မှာတော့ ကိုဗစ်ရောဂါကို ခန္ဓာကိုယ်ထဲကနေ အနိုင်တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကိုလည်း ဒီကာလ ကျန်းမာရေးဂရုစိုက်ကြဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကိုဗစ်ကပ်ရောဂါဆိုးကြီးကနေ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဆုအိမ့်စံအတွက် ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ဆုအိမ့်စံတစ်ယောက် ခွဲခွာနေရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Hsu Eaint San’s Facebook Account