အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့သိမ်းပိုက်မှုကို ခံခဲ့ရပြီးနောက်မှာတော့ အာဖဂန်ပြည်သူတွေဟာ ရရာနည်းလမ်းနဲ့နိုင်ငံကနေ စွန့်ခွာထွက်ပြေးနေကြတာဖြစ်ပါတယ် ။ အာဖဂန်မှာ အခြေချထားတဲ့အမေရိကန်တပ်တွေနဲ့ နေတိုးတပ်တွေကိုလည်း အမေရိကန်ဘက်က ပြန်လည်ရုတ်သိမ်းသွားခဲ့ပြီး အာဖဂန်နဲ့ အမေရိကန်တို့ကြား စစ်ပွဲပြီးပြတ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်.......။
တာလီဘန်တွေဟာ အမေရိကန်တပ်တွေစွန့်ခွာသွားခဲ့ပြီးနောက်မှာ လေဆိပ်ကိုထိန်းချုပ်လိုက်ကြပြီး သေနတ်တွေဖောက်ကာ အောင်ပွဲခံခံ့ကြတာဖြစ်ပါတယ် ။ သို့ပေမယ့် တာလီဘန်တွေဟာ လေဆိပ်ထိန်းသိမ်းဖို့ နည်းဗျူဟာမတတ်တဲ့အပြင် အေတီစီပညာရပ်တွေ၊ အင်မီဂရေးရှင်းတွေ၊ ဂရောင်းစတက်ခ်တွေ မလုပ်တတ်တာကြောင့် နိုင်ငံတကာလေဆိပ်ပြန်ဖွင့်ကို အခက်တွေ့နေကြတာဖြစ်ပါတယ်။
အာဖဂန်ဟာ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တာကြောင့် နယ်စပ်ကားလမ်းတွေနဲ့ လေဆိပ်တွေကိုပဲ ထွက်ပေါက်အနေနဲ့ အသုံးပြုလို့ရတာဖြစ်ပါတယ်။ ထွက်ပေါက်မရှိပါက စီးပွားရေးကြပ်တည်းလာပြီး အငတ်ဘေးဆိုက်နိုင်တဲ့အထိ အခြေအနေဆိုးရွားနိုင်တာဖြစ်ပါတယ် ။ တာလီဘန်တွေအနေနဲ့ လက်နက်အားကိုးပြီး အနိုင်ယူခဲ့ပေမယ့် အခက်အခဲတွေစတင်ပြီး ကြုံတွေ့ခံစားနေကြရပြီဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Myanmarload