ပြီးခဲ့တဲ့ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းက ပြန့်နှံ့ထွက်ပေါ်လာတဲ့ မြေးအရင်းက အဖိုးဖြစ်သူကို ပြန်သတ်တဲ့ CCTV ဗီဒီယိုဖိုင်ဟာ ပြည်သူတွေကို အံ့ဩထိတ်လန့်စေပါတယ်..။
အဖိုးအရင်းကိုတောင် ရက်ရက်စက်စက်သတ်ခဲ့တဲ့ အဆိုပါလူသတ်မှု ဗီဒီယိုမှတ်တမ်းကတော့ လူမှုကွန်ယက်ပရိသတ်တွေကြား အတော်လေးကို လူပြောများနေတာလည်း ဖြစ်ပါတယ်..။
အကြင်နာတရားကင်းမဲ့လွန်းတဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေက အတော်လေးကို စိတ်မကောင်းဒေါသဖြစ်နေကြသလို သရုပ်ဆောင်ဆောင်းယွန်းစံကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေတာကို ပြောပြလာပါတယ်..။
ဆောင်းယွန်းစံကတော့ သူမအနေနဲ့ ညက သတင်းဖတ်လိုက်ရတဲ့အချိန် အသတ်ခံရတဲ့အဖိုးအတွက် စိတ်မကောင်းလွန်းလို့ နှိပ်စက်ခံနေရတဲ့ CCTV ထဲက အဖိုးရဲ့ပုံလေးတွေကို မျက်လုံးထဲက မထွက်အောင် ဖြစ်နေရတယ်လို့ ပြောပြထားတာပါ..။
သူမနဲ့ သွေးသားမတော်စပ်ပေမယ့် ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့ အဖိုးအတွက် စိတ်မကောင်းတဲ့အကြောင်းရေးသားထားတဲ့ ဆောင်းယွန်းစံရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အားလုံးနဲ့ ထပ်တူအံ့ဩစိတ်မကောင်းနေတာတွေကို ပြောထားကြတာ တွေ့ရပါတယ်..။
ရက်စက်ယုတ်မာလွန်းတဲ့ အဆိုပါလူသတ်မှုဖြစ်စဉ်ရဲ့ CCTV record က 7.25.2021 နေ့ကတည်းက ဖြစ်ပြီး ဩဂုတ်လ(၃၁)ရက်နေ့ ညပိုင်းကမှ ထွက်ပေါ်လာခဲ့တာ ဖြစ်တာကြောင့်လည်း အမျိုးမျိုးသော ဝေဖန်မှုတွေ ရှိနေတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Saung Yoon San's Fb Acc