အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုမှ ရန်ရန်ချမ်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူမှုတွေ လုပ်ထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ပရိသတ်တွေ စိတ်မပူစေရအောင်လည်း လူမှုကွန်ယက်တွင် သတင်းအချက်အလက်များကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချမ်းရဲ့ Facebook အကောင့်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့မိသားစုသုံးယောက်လုံး ဘေးကင်းရာမှာရှိနေတဲ့အကြောင်း ဓာတ်ပုံလေးတစ်ပုံဖြင့် ပြသထားတာ ဖြစ်ပါတယ်။ ရန်ရန်ချမ်းဟာ ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူလွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း သူတို့မိသားစုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို လေးစားနေကြတာ ဖြစ်ပါတယ်။ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ရန်ရန်ချမ်းတို့ မိသားစုလေး ဘေးကင်းလုံခြုံကြပါစေလို့ comment များရေးသားပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ မိသားစုဝင်များနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများလည်း အမြန်ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Yan Yan Chan’s Facebook Account