မိုးအကုန်ဆောင်းအကူးဟာ မြို့ပေါ်ကလူတွေအတွက်သိပ်မသိသာပေမယ့် အကာကွယ်နည်းတဲ့ တောထဲက PDF လူငယ်လေးတွေအတွက် အချမ်းဒဏ်သိသိသာသာပိုကဲလာတဲ့ အနေအထားပါ။ ဒါကြောင့်လည်း လူငယ်လေးတွေနွေးနွေးထွေးထွေးဖြစ်စေဖို့ PDF တွေကို အမြဲတမ်းထောက်ပံ့ပေးနေတဲ့ KEEP on Smiling Page ရဲ့ ပဲ့ကိုင်ရှင်က Online Shop တစ်ခုက အနွေးထည်လေးတွေကို လက္ကားမှာယူပေးခဲ့ပါ တယ်။ ဘယ်သူတွေဝတ်မှာ ဘာအတွက်ကြောင့်ဝတ်မယ်ဆိုတာကို အသေအချာပြောခဲ့ပါရက်နဲ့ ရောက်လာတဲ့ ပစ္စည်းတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။
ယောကျာ်းဝတ်အနွေးထည်တွေသေချာမှာထားရက်နဲ့ ယောကျာ်းဝတ်တွေတစ်ဝက်လောက်ပဲပါပြီး ကျန်တစ်ဝက်ကတော့ မိန်းမဝတ်နဲ့ ကလေးဝတ်တွေ ရောထွေးပြီးထည့်ပေးလိုက်တာမို့ ရထားတဲ့ အလှူငွေလေးတွေကို ခြစ်ကုပ်ပြီး ဝယ်ပေးရတဲ့အလှူရှင်လည်း အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကိုယ့်တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်ပြီး တောထဲမှာဒုက္ခခံနေရတဲ့ PDF တွေကို ပိုပြီးတောင်ကူညီပေးရမယ့်အစား ဒီလိုမျိုး မိမိကိုယ်ကျိုးအတွက်ပဲကြည့်တာက မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။
အလကားပေးလိုက်ရတာမျိုးမဟုတ်ဘဲ တန်ရာတန်ကြေးပေးပြီးဝယ်တဲ့ပစ္စည်းကိုတောင် စေတနာမှန်မှန်နဲ့ မလုပ်ပေးချင်ကြတဲ့ မတော်လောဘသမားတွေကြောင့် ထိခိုက်နစ်နာရသူတွေ မနည်းတော့ပါဘူး။ လှူတဲ့အလှူရှင်လည်းစိတ်ညစ်ရသလို တကယ်လိုအပ်နေတဲ့ PDF တွေအတွက်လည်း အသုံးမဝင်တော့ပါဘူး။ ဒီလိုမတရားလုပ်တဲ့ Online Shop တွေကို ဖော်ထုတ်ပြီး နောက်ထပ်ဒီလိုလုပ်ရပ်မျိုးမလုပ်ရဲအောင် သင်ခန်းစာပေးဖို့ လိုအပ်ပါတယ်။
သတင်း အရင်းအမြစ်៖ KEEP on Smiling's FB Acc