လွန်ခဲ့တဲ့ (၈)လပိုင်း (၂၄)ရက်နေ့မှာတော့ ဂျပန်စံတော်ချိန် ည (၉)နာရီ (၁၀)မိနစ်ခန့်တွင် တိုကျိုမြို့ (minato ku takanawa Shiro kane taka nawa) မြေအောက်ရထားဘူတာအထွက် စက်လှေကားမှာ အသက် (၂၂)နှစ်အရွယ်အမျိုးသားကိုဦးတည်ပြီး sulphuric acid နဲ့ ပက်ခဲ့တာကြောင့် အသက် (၃၀)ဝန်းကျင်အမျိုးသမီးတစ်ဦးလည်းကြမ်းပြင်မှာကျနေတဲ့ အက်စစ်ရည်နဲ့ချော်လဲကာ ခြေထောက်လောင်သွားခဲ့ပါတယ်။အမျိုးသားကတော့ မျက်နှာမှာပြင်းထန်ဒဏ်ရာရသွားခဲ့ပြီး မျက်လုံးဖွင့်မရဘူးလို့သိရပါတယ်။
အက်စစ်နဲ့ပက်တဲ့တရားခံကို ဩဂုတ်လ (၂၈)ရက်နေ့ မနက်ပိုင်းတွင်၊(Okinawa)မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။တရားခံကတော့ အသက် (၂၅)နှစ်အရွယ်ရှိပြီး Shizuoka မှာနေထိုင်တာဖြစ်ပါတယ်။ဂျပန်ရဲတွေကလည်း (၂၄)ရက်နေ့မှာ CCTV မှာပေါ်နေတဲ့ ပုံကို တရားခံအဖြစ်ကြေငြာခဲ့ပါတယ်။(၂၅)ရက်နေ့မှာတော့ တရားခံကို အထုတ်အပိုးတွေလွယ်ပြီး (Shizuoka)ဘူတာရဲ့ cctv ကနေ ထပ်မံတွေ့တာဖြစ်လို့ ဝရမ်းပြေးထုတ်ခဲ့တာဖြစ်ပါတယ်။
တရားခံက မိဘတွေလည်းမရှိတော့တာဖြစ်ပြီး အိမ်မှာတစ်ယောက်တည်းနေထိုင်တာဖြစ်ပါတယ်။သူ့ရဲ့အိမ်ကို အရင်ကတော့ တစ်ခါတလေ သူငယ်ချင်းတွေလာလည်ကြပြီး လတ်တလောမှာ ဘယ်သူမှမလာတာကိုတွေ့ရတယ်လို့အိမ်နီးနားချင်းတွေကထွက်ဆိုကြပါတယ်။အသက် (၂၂) အရွယ်လူငယ်လေးနဲ့ တရားခံတို့က (Okinawa) မှာတက္ကသိုလ်မှာအတူတူတက်ခဲ့ကြပြီး စီနီယာ၊ဂျူနီယာပတ်သက်မှုမျိုးရှိခဲ့ပါတယ်။ဒါ့ကြောင့် ဂျပန်ရဲတွေက လူငယ်လေးအပေါ် တစ်ခုခုရန်ငြိုးရှိလို့ အက်စစ်နဲ့ပက်တာဆိုပြီး ထင်မြင်ချက်ပေးကြတဲ့သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:PPJP & 0テレNEWS24