(၇၁)ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားမှာ လက်ခုပ်လက်ဝါးတွေတီးပြီး "သွေးသစ္စာ"သီချင်းကို သံပြိုင်ဟစ်ကြွေးသံများနဲ့ သီဆိုခဲ့ကြတဲ့ PDF တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/dd/dd33c32c2d7e60b5b76173116e26efdc9c15fdd1.jpg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် GZ လူငယ်တွေကတော့ ရရာနည်းလမ်းတွေနဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ ခက်ခဲ့ကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ PDF တပ်သားများအဖြစ်ခံယူပြီး လာရာလမ်းမတူကြပေမယ့် တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် ရည်မှန်းချက်တွေကတော့ တူညီကြတာဖြစ်ပါတယ်။ PDF ရဲဘော်တွေမှာ ရာထူးမတူညီတဲ့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ၊ ဝါသနာအရင်းခံပြီး အောင်မြင်ဖို့ ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်းရှိသလို စိတ်အားထက်သန်တဲ့ သာမန်လူတွေလည်းများစွာရှိတာကို တွေ့မြင်ရပါတယ်။

Photo Credit - Ko Gyi fb account
Photo Credit - Ko Gyi fb account

သူတို့ရဲ့ တန်ဖိုးရှိတဲ့ ရာထူးဂုဏ်တွေ၊ အောင်မြင်ကျော်ကြားမှုတွေအပြင် ချစ်တဲ့မိသားစုတွေကိုပါ စွန့်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်မြောက်နယ်မြေမှာ PDF ရဲဘော်တွေဟာ စစ်ပညာများသင်ကြားနေတဲ့အချိန်မှာလည်း ခက်ခဲပင်ပန်းမှုတွေရှိနေပေမယ့် ပျော်ရွှင်စရာလေးတွေကို ဖန်တီးကြတာ တွေ့ရပါတယ်။ PDG ရဲဘော်တွေဟာ KNU ထံမှာ အများဆုံး ခိုလှုံပြီး စစ်ပညာများသင်ကြားနေကြတာ ဖြစ်ပါတယ်။

Photo Credit - Ko Gyi fb account
Photo Credit - Ko Gyi fb account

ယခုမှာလည်း (၇၁)ကြိမ်မြောက် ကရင်အာဇာနည်နေ့မှာ ရိုက်ကူးထားတဲ့ PDF ရဲဘော်တွေရဲ့ ကြည်နူးစရာ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။ ဒါကတော့ KNU ထံခိုလှုံနေတဲ့ PDF ရဲဘော်များက ကရင်အာဇာနည်နေ့ အခမ်းအနားမှာ PDF ရဲဘော်တွေက အားမာန်တက်ကြွစေတဲ့ "သွေးသစ္စာ"သီချင်းကို လက်ခုပ်လက်ဝါးတွေတီးပြီး သံပြိုင်ဟစ်ကြွေး သီဆိုနေကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ သံပြိုင်သီဆိုနေကြတဲ့ ဗီဒီယိုဖိုင်ကိုကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးစေလောက်မှာ အမှန်ပါ။ တန်ဖိုးရှိတာတွေနဲ့ ချစ်တဲ့မိသားစုကို စွန့်ခွာပြီး လွတ်မြောက်နယ်မြေမှာ အနစ်နာခံနေကြတဲ့ PDF ရဲဘော်တွေကို ပရိသတ်တွေက အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

သတင်း အရင်းအမြစ်Source - Ko Gyi fb account

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload