မြန်မာပြည်ကြီး အာဏာရှင်လက်အောက်ကနေအပြီးတိုင်လွတ်မြောက်ဖို့အတွက် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေဒေသတွေမှာ အခက်အခဲဒုက္ခတွေကြားကနေ စစ်ပညာကြိုးစားသင်ယူနေကြတာဖြစ်ပါတယ် ။ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်.....။
လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာသင်ယူရတာကလည်း မလွယ်ကူလှတဲ့ကိစ္စတစ်ရပ်ပါ။ ထိစပ်တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပေါ်နေသလို အစားအသောက်၊အနေအထိုင်ကအစ အခက်အခဲတွေများစွာရှိနေတာဖြစ်ပါတယ် ။ တောထဲမှာရှိတဲ့ မှိုတွေမျှစ်တွေနဲ့သာ အများဆုံးစားသောက်ရလေ့ရှိတာကြောင့် ပြည်သူတွေဟာ PDFရဲဘော်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အလှူငွေထည့်ကြကာ အစားအသောက်၊အနေအထိုင် အဆင်ပြေအောင်ကူညီပေးနေကြတာလည်း တွေ့ရပါတယ် ။
PDF ရဲဘော်လေးတွေခမျာမှာလည်း ရိက္ခာခြွေတာစားသောက်ရတာကြောင့် ဟင်းတစ်ခွက်နဲ့သာစားရတဲ့ နေ့တွေအများဆုံးရှိပြီး ဆန်တွေမှာလည်း ဆန်ကြမ်းတွေစားရတာကိုတွေ့ရပါတယ်။ အခုအခါမှာဆိုရင်လည်း လွတ်မြောက်နယ်မြေရှိ PDF ရဲဘော်တစ်ဦးဟာ သူတို့စားသောက်ရတဲ့ အခြေအနေမှန်ကို တင်ပေးလာခဲ့ပြီး ထမင်းခဲကို ဆာလာအိတ်ပေါ်တင်ကာ ဟင်းတစ်ခွက်နဲ့ အားပါးတရစားနေကြရတာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Naing Win Soe's Facebook acc