မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေများဝင်ရောက်ပြီး ဘေးနံရံများ ပြိုကျပျက်စီးသွားခဲ့တဲ့ ပုဂံရှေ့ဟောင်း သံပျင်စွာဘုရားရဲ့ မြင်ကွင်းတချို့

//s9.kh1.co/fa/fac0b4cc07099a03da355285d06c3f6d551ef00d.jpg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာရှိတဲ့ ပုဂံမြို့ဟောင်းကို မြန်မာလူမျိုးတွေရဲ့ တန်ဖိုးထားရာ ရှေ့ဟောင်းယဥ်ကျေးမှုနယ်မြေ တစ်ခုအဖြစ်သတ်မှတ်ထားပြီး လက်ရှိအချိန် မပြိုမပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နေကြတာဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းစောင့်ရှောက်ရင်းနဲ့လည်း ပုဂံအတွင်းရှိ နှစ်ပေါင်းကြာရှည်တဲ့ ဘုရားစေတီပုထိုးများဟာ နှစ်စဥ်နှစ်တိုင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆိုးဝါးတဲ့ မြေငလျင်ဒဏ်များကြောင့် ပြိုကျပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account

သဘာဝဘေးအန္တရယ်ဖြင့် ပြိုကျပျက်စီးခဲ့တဲ့ စေတီပုထိုးများကိုလည်း ယခုခေတ် ဗိသုကာပညာရှင်များက ရှေ့မူမပျက် ပြန်လည်တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ သြဂုတ်လ(၃၀)ရက်နေ့ကတော့ ပုဂံမြို့ဟောင်းဇုန်ထဲကဘုရားအမှတ်(၈၀၁) သံပျင်စွာဘုရားမှာ ဘေးနံရံများ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီရဲ့ နံရံထဲကို ရေများဝင်ရောက်ခဲ့ပြီး ယခုလို ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account

မြင်ကွင်းထဲမှာတော့ ထုထည်ကြီးမားတဲ့ နံရံတွေဟာ အကုန်လုံး ပြိုကျသွားတာမဟုတ်ဘဲ တစ်ခြမ်းသား ပြိုကျခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင် တည်ဆောက်ထားတဲ့ အုပ်ချပ်များကလည်း ယခုခေတ် အုပ်ချပ်များထက် အရွယ်အစား ထုထည်ကြီးမားတာကို တွေ့ရပါတယ်။ လက်ရှိ ပုဂံမြို့မှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် စေတီနံရံပါပြိုကျခဲ့တဲ့အပြင် လူနေအိမ်နေရာတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဘုရားအမှတ်(၈၀၁) သံပျင်စွာဘုရားရဲ့ ဘေးနံရံများ ပြိုကျပျက်စီးခဲ့နဲ့ ပုံရိပ်တချို့ကိုတော့ ပရိသတ်တွေ ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

PhotoCredit - Zaw Myo Lin fb account
PhotoCredit - Zaw Myo Lin fb account

သတင်း အရင်းအမြစ်Source - Zaw Myo Lin fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T