တောထဲရောက်နေချိန်မှာ ညစာအတွက်အဆင်ပြေအောင် ကိုယ်တိုင်ကန်စွန်းရွက်ရှာဖွေခူးနေတဲ့ ဒုဝန်ကြီး အိသဥ္ဇာမောင်

//s9.kh1.co/43/43ee24d9e7aa189ee1937b6275e6a112de158e8d.jpeg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ရဲ့လက်အောက်တွင် အသက်အငယ်ဆုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူကတော့ အိသဉ္ဇာမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အမျိုးသား၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ အိသဉ္ဇာမောင်ဟာအာဏာသိမ်းသွားကြသူများအား ပထမဆုံးလမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

လက်ရှိမှာလည်း တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့လုပ်ဆောင်ချက်များကိုလည်း ပြည်သူတွေသိရှိကြစေဖို့ အိသဉ္ဇာမောင် Facebook Page မှတစ်ဆင့် ပြန်လည်ဝေမျှပေးနေတာကိုလည်း အားတက်ဖွယ် မြင်တွေ့ရပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံ ပျံ့နေတာကို တွေ့ရပါတယ်။ ဒါကတော့ ညစာအတွက် တောထဲမှာ ကိုယ်တိုင်ကန်စွန်းရွက်ထိုင်ခူးနေတဲ့ NUGရဲ့ အသက်အငယ်ဆုံး ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ပုံလေးဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အမျိုးသမီးဖြစ်ပေမယ့် အာဏာရှင်လူတစ်စုကို သတ္တိရှိရှိဆန့်ကျင်တော်လှန်နေတဲ့ အိသဉ္ဇာမောင်ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။ ပြည်သူတွေကလည်း တောထဲမှာ အခက်အခဲတွေနဲ့နေထိုင်နေရတဲ့ အမှန်တရားဘက်တော်သားများ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဆုတောင်းမေတ္တာပို့သပေးနေကြတာပါ။ ပရိသတ်တွေအတွက် ရောက်ရာနေရာမှာ အဆင်ပြေအောင် နေထိုင်တတ်တဲ့ အိသဉ္ဇာမောင်ရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T