ပြည်သူ့ရဲဘော်တွေကို ထောက်ပံ့ဖို့အတွက် လေလံတင်ခဲ့တဲ့ အမေစုပုံရင်ထိုးလေးကို သိန်း(၁၀၀)ကျော်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပန်ဆယ်လို

//s9.kh1.co/aa/aaaeb74beba267dad3c9788d814bd79dcdb8700c.jpg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

ပြည်သူ့ရဲဘော်တွေကို ထောက်ပံ့ဖို့အတွက် လေလံတင်ခဲ့တဲ့ အမေစုပုံရင်ထိုးလေးကို သိန်း(၁၀၀)ကျော်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပန်ဆယ်လို

ပန်ဆယ်လိုကတော့ လက်ရှိအချိန်မှာ ပြည်ပကိုရောက်ရှိနေပေမယ့်လည်း မြန်မာနိုင်ငံသားတစ်ယောက်ပီပီ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတာ ဖြစ်ပါတယ် ။ ပန်ဆယ်လိုက ပြည်သူ့ရဲဘော်တွေကို ကူညီထောက်ပံ့ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ တိုက်တွန်းနှိုးဆော်ပြီး ကြိုးစားပေးနေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း ပန်ဆယ်လိုဆီကို ရဲဘော်တစ်ချို့က ရိက္ခာအတွက် လိုအပ်တာတွေ အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc

ရဲဘော်တွေပေးပို့လာတဲ့ စာတွေကိုဖတ်ပြီး မျက်ကွယ်မပြုနိုင်တော့တဲ့ ပန်ဆယ်လိုက မိခင်ဖြစ်သူကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ အမေစုပုံရင်ထိုး/ဆွဲသီးလေးကို လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ် ။ ပန်ဆယ်လိုရဲ့မိခင်ကလည်း ဒီဆွဲသီးလေးကို ရောင်းချဖို့သဘောတူခဲ့ပြီး ရတဲ့ငွေတွေကို ပြည်သူ့ရဲဘော်တွေဆီလှူဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ် ။ (၅)သိန်း (၈)သောင်းတန်တဲ့ ဒီရင်ထိုး/ဆွဲသီးလေးက အခုဆိုရင် သိန်းငါးဆယ်($3500ဝန်းကျင်)နဲ့ လေလံအောင်သွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc

ဒါ့အပြင် လေလံမအောင်ပေမယ့် လေလံလာပေးတဲ့စျေးကို ကူညီငွေအဖြစ် ထည့်ဝင်ပေးတဲ့သူတွေကြောင့် အခုဆိုရင် သိန်း(၁၀၀)နဲ့ (၂)သိန်းကျပ်တောင် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ပန်ဆယ်လိုကတော့ ပြည်သူ့ရဲဘော်တွေကူညီဖို့အတွက် (၅)သိန်းကျော်တန် ဆွဲသီးလေးကို သိန်း(၁၀၀)ကျော်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုလိုမျိုး လုပ်ဆောင်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ပန်ဆယ်လိုက "ယုံကြည်ဝန်းရံပေးကြတဲ့ မိတ်ဆွေတွေကြောင့်သာ တော်လှန်ရေးမှာ အားဖြည့်ပါဝင်နိုင်နေတာပါ"ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

Source & Photo Credit-ပန်ဆယ်လို's FB Acc

Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Photo Credit-ပန်ဆယ်လို's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T