ကား(၇)စီးနဲ့တောင် သယ်ယူရတဲ့အထိ တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းမျိုးစုံကို ပြည်သူတွေအတွက် ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ မိသားစု

//s9.kh1.co/b4/b44d3c9b3c5085300766ecf4098585e96a6839d9.jpeg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကား(၇)စီးနဲ့တောင် သယ်ယူရတဲ့အထိ တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းမျိုးစုံကို ပြည်သူတွေအတွက် ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ မိသားစု

ကိုဗစ်ကူးစက်ရောဂါဆိုးကိုတိုက်ထုတ်နေရချိန်နဲ့  လက်ရှိပြည်တွင်းရေးအခြေအနေတို့ကြောင့် အခြေခံပြည်သူလူထုလည်း စားဝတ်နေရေးတွေကြပ်တည်းကုန်တာဖြစ်ပါတယ်။ပြည်သူလူထုအချင်းချင်းကတော့အဆင်ပြေတဲ့သူက လိုအပ်သူတွေကို ကူညီပေးရင်း ဒီအခြေအနေကြီးကို ဖြတ်ကျော်နေကြတာဖြစ်ပါတယ်။မြန်မာပြည်သူလူထုက စေတနာသဒ္ဓါတရားထက်သန်ပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်လည်း အပြည့်ရှိကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့် အလှူအတန်းဆိုရင်လက်မနှေးကြတဲ့ မြန်မာပြည်သူတွေက မိမိတို့ရဲ့ချွေးနည်းစာလေးတွေကို မျှဝေပေးနေကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း ဒိုက်ဦးမြို့၊ရှမ်းစုကျေးရွာ၊ဒဂုံမန်းလမ်းမှာနေထိုင်တဲ့ မိသားစုတစ်စုကတော့ အလှူကြီးတစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီမိသားစုလေးကတော့ ကုန်ခြောက်ဆိုင်ကို ဖွင့်လှစ်ထားပြီး  "ပြည်သူမှပြည်သူသို့ကူညီမည့်အဖွဲ့"ကို ဆက်သွယ်ကာ တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းတွေကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကုန်ခြောက်ဆိုင်ဖြစ်တာကြောင့် အခြေခံစားသောက်ကုန်တွေအပြင် မုန့်မျိုးစုံ၊သွားတိုက်ဆေး၊ဆပ်ပြာမှုန့် စတဲ့အမျိုးအစားတွေစုံလင်နေတာပဲဖြစ်ပါတယ်။တစ်ဆိုင်လုံးမှာရှိတဲ့ပစ္စည်းတွေက များပြားတာကြောင့် ကား(၇)စီးနဲ့တောင် သယ်ရတာဖြစ်ပါတယ်။ဒါ့အပြင် အလှူရှင်မိသားစုက ကူညီမယ့်အဖွဲ့ထံ ငွေသား (၂)သိန်းလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ပြည်သူတွေအတွက်လှူဒါန်းလိုက်တဲ့ အလှူရှင်မိသားစုရဲ့ကုသိုလ်ကိုသာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T