ငွေထုတ်ဖို့မလွယ်ကူတဲ့ အခက်အခဲတွေကြောင့် ရန်ပွဲတွေဖြစ်ရတဲ့အထိဆိုးရွားနေတဲ့ ရန်ကုန်မြို့ ATMစက်ရှေ့ရှိ မြင်ကွင်းဗီဒီယို

//s9.kh1.co/87/87015764bef28f7d8c2bff0e38e1542a3c09ed1a.jpeg
နေ့စဉ်သတင်းများ

 ၂၆-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

..

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမငြိမ်သက်မှုတွေ အမျိုးမျိုးကြောင့် ပြည်သူတွေအများအပြား ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေကြပြီး စီးပွားရေးခက်ခဲနေကြရတာ တွေ့ရပါတယ်..။

လတ်တလောအခြေအနေတွေအရ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ လျော့နည်းလာခဲ့ပြီး ATM စက်များမှာ ပိုက်ဆံထုတ်နိုင်ဖို့အတွက် နေ့စဉ်နဲ့အမျှ လူအများတိုးဝှေ့စောင့်ဆိုင်းနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ATM စက်တွေမှာ စနစ်တကျတန်းစီတာမျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် တိုးကြိတ်စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးကြောင့် ကပ်ရောဂါတွေ ပိုမိုကူးစက်ပြန့်နှံ့လာမှာကိုလည်း စိုးရိမ်နေရပါတယ်..။

ATM စက်အရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးထဲမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနေကြပြီး ပွဲစားတွေလည်းရှိကာ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မကြာခဏဖြစ်ပွားနေကြတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ATM စက်မှာ ပိုက်ဆံထုတ်နေရင်း ရန်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့ဩဂုတ်လ(၂၆) ရက်နေ့မှာလည်း AYA ATM စက်ရှေ့မှာ ထပ်မံဖြစ်ပွားခဲ့တာ တွေ့ရပါတယ်..။

AYA ဘဏ်ရဲ့ ATM စက်ရှေ့မှာ လူအုပ်ကြီးကြား တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားကာ ရန်ဖြစ်နေကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T