လက်နက်ကြီးကျည်ထိမှန်ပြီး ဆုံးပါးသွားတဲ့ ကလေးငယ်လေးရဲ့နောက်ဆုံးခရီးမှာ မျက်ရည်မဆယ်နိုင်ဖြစ်ကာငိုကြွေးနေကြတဲ့ မိသားစုဝင်များ

//s9.kh1.co/dd/dd5cd0f79fd1466ed3bc84a4981175f54c56fb3f.jpg
နေ့စဉ်သတင်းများ

 ၂၆-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

လက်နက်ကြီးကျည်ထိမှန်ပြီး ဆုံးပါးသွားတဲ့ ကလေးငယ်လေးရဲ့နောက်ဆုံးခရီးမှာ မျက်ရည်မဆယ်နိုင်ဖြစ်ကာငိုကြွေးနေကြတဲ့ မိသားစုဝင်များ

ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက်နေ့ မနေ့ကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သံတွေကိုလည်း ဒေသခံတွေ ကြားခဲ့ရပါတယ်။ ထန်တလန်မြို့ ၊ပလကရပ်ကွက်၊ ရဲစခန်းအနီးမှာ အာဏာရှင်လူတစ်စုဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်လေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး အသက်သေဆုံးသွားခဲ့ပါတယ်။ ယခုလိုရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်တလန်က ပြည်သူတွေရဲ့နေအိမ်အချို့ ပျက်စီးသွားခဲ့သလို ဒေသခံပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကျည်ထိမှန်ပြီး ကွယ်လွန်သွားတဲ့ ကလေးငယ်လေးရဲ့ နာမည်က မောင်ဗန်ဘွေဟန်ဖြစ်ကာ အသက်(၁၀)နှစ်အရွယ်သာ ရှိသေးတာပဲဖြစ်ပါတယ်။ မောင်ဗန်ဘွေဟန်ဟာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ နေအိမ်အတွင်းပုန်းခိုနေရာကနေ အနီးမှာကျရောက်ပေါက်ကွဲသွားတဲ့ လက်နက်ကြီးကျည်က လည်ပင်းကိုထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ယနေ့သြဂုတ်လ(၂၆) ရက်နေ့မှာတော့ လက်နက်ကြီးကျည်ထိမှန်ပြီး အသက်သေဆုံးသွားတဲ့ အဆိုပါကလေးငယ်လေးကို မိသားစုဝင်တွေက ဂူသွင်းသဂြိုလ်ခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဆုံးပါးသွားတဲ့ အဆိုပါကလေးငယ်လေးရဲ့ နောက်ဆုံးခရီးမှာ မိသားစုဝင်တွေက မျက်ရည်မဆယ်နိုင်ဘဲ ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့ပါတယ်။ အရမ်းစိတ်မကောင်းဖြစ်စရာကောင်းတဲ့ မောင်ဗန်ဘွေဟန်ရဲ့ နောက်ဆုံးခရီးပုံရိပ်လေးတွေကို ကြည့်ပြီး ပြည်သူတွေက ဝမ်းနည်းနေကြကာ ကောင်းရာဘုံဘဝရောက်ရှိစေဖို့လည်း ဆုတောင်းပေးနေကြပါတယ်။ လက်နက်ကြီးကျည်ထိမှန်ပြီး ဆုံးပါးသွားတဲ့ ထန်တလန်မြို့က ကလေးငယ်လေးရဲ့ နောက်ဆုံးခရီးပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T