မနေ့ညကပဲ ပျံလွန်တော်မူသွားတဲ့ မန္တလေး ပါချုပ်ဆရာတော်ဘုရားကြီးရဲ့သတင်းကိုကြားပြီး ဝမ်းနည်းယူကျုံးမရဖြစ်နေကြတဲ့ ဒါယကာ၊ဒါယိကာမများ

//s9.kh1.co/36/36bb8c330e5e465d61c3e8edfb5fb510d900f818.jpg
နေ့စဉ်သတင်းများ

 ၂၆-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၅ နှစ် က

မနေ့ညကပဲ ပျံလွန်တော်မူသွားတဲ့ မန္တလေး ပါချုပ်ဆရာတော်ဘုရားကြီးရဲ့သတင်းကိုကြားပြီး ဝမ်းနည်းယူကျုံးမရဖြစ်နေကြတဲ့ ဒါယကာ၊ဒါယိကာမများ

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ရဲ့ပါမောက္ခချုပ်ဆရာတော်ကြီးကတော့ မနေ့ညကပဲ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာပဲ ကြားသိရပါတယ်။ ဆရာတော်ကြီးက မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်မှာ တက်ရောက်ကုသနေရင်းနဲ့ သာသနာတော်နှစ် (၂၅၆၅)နှစ်ပြည့်l ကောဇာသက္ကရာဇ်၊ (၁၃၈၃)ခုနှစ်၊ ဝါခေါင်လဆုတ် ( ၃ )ရက်၊ ဗုဒ္ဓဟူးနေ့ ည(၉)နာရီ (၃၀)အချိန်မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့ကပဲ ဆရာတော်ကြီးရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွာနေကြောင်း သတင်းတွေတက်လာကြောင့် ဒါယကာ၊ဒါယိကာမတွေက ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသေးတာ ဖြစ်ပါတယ် ။ မန္တလေးပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ အထူးကုဆရာဝန်ကြီးတွေကလည်း ဆရာတော်ကြီးရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အချိန်ကတည်းက နေ့ညမပြတ် ပြုစုစောင့်ရှောက်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ဒါပေမဲ့လည်း ညပိုင်းမှာပဲ ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့တဲ့ မန္တလေးပါမောက္ခချုပ် ဆရာတော်ကြီးရဲ့သတင်းကိုကြားသိလိုက်ရတဲ့အတွက် အားလုံးက ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဆရာတော်ကြီးက သက်တော် (၇၇)နှစ်၊ ဝါတော် ( ၅၇ )ဝါရှိပြီဖြစ်ပြီး စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်၊မိဂဒါဝုန်ကျောင်းတိုက်ရဲ့မဟာနာယကချုပ် ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ် ။ ဆရာတော်ကြီးပျံလွန်တော်မူသွားတာက သာသနာတော်အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တာကြောင့် ပြည်သူတွေက နှမြောတသဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဆရာတော်တစ်ပါးကလည်း ပျံလွန်တော်မူသွားတဲ့ မန္တလေးပါချုပ်ဆရာတော်ကြီးရဲ့နောက်ဆုံးပုံရိပ်တွေကို ရပ်နီးရပ်ဝေးရှိ တပည့်သံဃာများ၊ ဒါယကာ၊ဒါယိကာမများ ဖူးမြော်နိုင်ဖို့အတွက် ဖော်ပြပေးထားတာ တွေ့ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T