တော်လှန်ချင်စိတ်တစ်ခုတည်းနဲ့ အဆိုးဝါးဆုံးအခြေအနေတွေ ဖြတ်ကျော်ခဲ့ရပုံကို အသေးစိတ်ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

//s9.kh1.co/43/438db15cd119c701dc557396dfdca34241e36310.png
နေ့စဉ်သတင်းများ

 ၂၅-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

..

မိဘရဲ့အရိပ်ဟာ အအေးချမ်းဆုံးနဲ့အလုံခြုံဆုံးဆိုတာကို ဒုက္ခတွေရောက်မှသိကြသလိုမျိုး တော်လှန်ရေး ကာလမှာ ပြည်သူ့အောင်ပွဲအတွက် အပြင်းအထန်ကြိုးစားပေးနေတဲ့ PDF လူငယ်လေးတွေဟာ မိဘအရိပ်မှာတော့ မစားချင်တာ မလုပ်ချင်တာ မသွားချင်တာတွေ ရှိခဲ့ပေမယ့် တောထဲတောင်ထဲ ရောက်လာတဲ့အချိန်မှာတော့ မစားချင်လဲစားရ မသွားချင်လဲသွားရ မလုပ်ချင်လဲလုပ်ရတဲ့ အနေအထားတွေမှာ တဖြည်းဖြည်းနေသားကျလာပြီး တော်လှန်ချင်စိတ်တွေ ပိုပြီးပြင်းပြလာခဲ့ပါတယ်။

Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc

ဒီတော်လှန်ရေးကြီးအောင်မြင်မှသာ အရင်လိုအေးချမ်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်တော့မှာမို့ ပြည်သူတစ်ရပ်လုံးကလည်း ဒီတော်လှန်ရေးအတွက် အပြည့်အဝထောက်ပံ့ပေးဖို့ အဆင်သင့်ပါပဲ။ မိဝေးဘဝေးနဲ့ မအေးချမ်းရတဲ့နေ့ရက်တွေမှာ အိမ်ကိုလွမ်းရင်လည်း ခံစားချက်တွေမြိုသိပ်ပြီး နေခဲ့ရပါတယ်။ အရသာရှိတာလေးတွေကိုစားချင်ပေမယ့် အခြေအနေမပေးတဲ့အချိန်မှာ ရှိတာလေးနဲ့ အာဟာရဖြစ်အောင် ကြိတ်မှိတ်မြိုချရတာတွေလည်းရှိခဲ့ပါတယ်။

Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc

ပြည်သူ့အောင်ပွဲအတွက် ဘဝတွေ အနာဂတ်တွေ အချိန်တွေ သွေးတွေ ချွေးတွေ အားလုံးရင်းနှီးပေးဆပ် နေကြတဲ့ PDF လူငယ်တွေဟာ အကြိမ်ကြိမ်ဦးညွှတ်ထိုက်သူတွေပါ။ အသက်နဲ့ပါရင်းပြီး တိုက်ပွဲဝင်နေကြသူတွေဖြစ်တာကြောင့် ပြည်သူတွေကလည်း သူတို့ကို အများကြီးထောက်ပံ့ပေး သင့်ပါတယ်။ ထင်ထားတာထက် ပိုပြီးခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်နေရသူတွေမို့ ပြည်သူတွေရဲ့ထောက်ပံ့ပေးမှု အပြည့်အဝလိုအပ်ပါတယ်။

Photo Credit - Byat Sote's FB Acc
Photo Credit - Byat Sote's FB Acc

သတင်း အရင်းအမြစ် Byat Sote's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T