စက်ဘီးနဲ့ လမ်းဘေးကပ် လျှောက်လာရင်း ကားတိုက်ခံလိုက်ရတဲ့ ကိုဇော်ဇော်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/bd/bd5e52ad91185fcfd75c72ca7894334798dcebb5.jpeg
နေ့စဉ်သတင်းများ

 ၂၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

မနေ့ည (၇) နာရီခွဲခန့်လောက်က ကမာရွတ်မြို့နယ် အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ်(၃) လမ်းထိပ်တွင် စက်ဘီးနဲ့လမ်းဘေးကပ်ကာ လျှောက်လာသူတစ်ဦးကို taxi တစ်စီးမှ အရှိန်ဖြင့် တိုက်ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကားသမားကတော့ တိုက်ပြီးပြီးချင်း အင်းစိန်ဘက်သို့ မောင်းပြေးသွားတယ်လို့ သိရပါတယ်။ ည (၇:၄၄) မိနစ်တွင် အခင်းဖြစ်ပွားရာနေရာသို့ ပရဟိတအသင်းတစ်သင်းမှ လူနာတင်ယာဉ်များရောက်ရှိလာပြီး လူနာကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ည (၇:၄၄) မိနစ်တွင် အခင်းဖြစ်ပွားရာနေရာသို့ ပရဟိတအသင်းတစ်သင်းမှ လူနာတင်ယာဉ်များရောက်ရှိလာပြီးလူနာကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အတိုက်ခံရသူမှာ လှည်းတန်းတွင် ငါးကင်ရောင်းချပြီး အခမဲ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးနေတဲ့ ကိုဇော်ဇော်ဖြစ်ကြောင်း သိရပါတယ်။ ဆေးရုံမတက်လိုက်ရပေမယ့် အတိုက်ခံရလိုက်ဒဏ်ကြောင့် ခေါင်းကိုထိသွားပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိတော့ဘူးလို့ ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်မှလည်း လူနာပြုစုစောင့်ရှောက်မှုတွေကို ဖုန်းဆက်ပြီးပြောပြပေးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=1027,q=100/1b/1b8d7fce1468930b2c94490d674a6bc9b25e424b.jpeg
https://s9.kh1.co/__image/w=540,h=620,q=100/19/19f46803590929df56c55548aa7f365716c8be10.jpeg

ကိုဇော်ဇော်ဟာ လှည်းတန်းတွင် မန္တလေးငါးကင်ဆိုင်ကို ဖွင့်လှစ်ရောင်းချနေပြီး ရရှိတဲ့အမြတ်ငွေများကို စုပြီးတောရွာများတွင် အခမဲ့စာကြည့်တိုက်များ ဖွင့်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ လူငယ်တစ်ဦး အခုလိုအဖြစ်ဆိုးမျိုးကြုံတွေ့ခဲ့ရတဲ့အတွက် အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ကိုဇော်ဇော်တစ်ယောက် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T