လူတချို့က လိုင်းပေါ်မှာဝေဖန်အပြစ်ပြောနေချိန် သူတို့ခမျာ (၄)ရက်လုံးလုံးမအိပ်ရဘဲ မြက်တောထဲမိုးလင်းခဲ့ရတဲ့အခြေအနေအမှန်ကို ပြသလာတဲ့ PDF လူငယ်လေး

//s9.kh1.co/6c/6c9414fccc23888b7b06b4be8ea615ce2a1a724f.jpeg
နေ့စဉ်သတင်းများ

 ၂၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လူတချို့က လိုင်းပေါ်မှာဝေဖန်အပြစ်ပြောနေချိန် သူတို့ခမျာ (၄)ရက်လုံးလုံးမအိပ်ရဘဲ မြက်တောထဲမိုးလင်းခဲ့ရတဲ့အခြေအနေအမှန်ကို ပြသလာတဲ့ PDF လူငယ်လေး

လက်ရှိမှာတော့ PDF လူငယ်လေးတွေလည်း တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီး အနေဆင်းရဲ၊အစားဆင်းရဲတာတောင် ပြည်သူလူထုအတွက် ရုန်းကန်ပေးနေကြတာဖြစ်ပါတယ်။တချို့မြို့နယ်တွေမှာဆိုရင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးနေတဲ့သတင်းတွေကို ကြားသိနေရပြီး PDF ဘက်က ကျဆုံးခြင်းမရှိတာကြောင့် ပြည်သူတွေကလည်း စိတ်အေးနေရတာဖြစ်ပါတယ်။ပန်းတိုင်ကိုအတူတူလျှောက်လှမ်းနေကြတဲ့ ပြည်သူတိုင်းက အခုချိန်မှာအပြန်အလှန်ရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့လူတွေကတော့ အွန်လိုင်းပေါ်မှာ PDF တွေကို ဝေဖန်ပြီးအပြစ်ပြောနေကြတာကိုတွေ့မြင်ရပါတယ်။အဲ့ဒီလိုအပြစ်ပြောနေတာကြောင့် PDF လူငယ်လေးတစ်ဦးက သူတို့ရဲ့အခြေအနေအမှန်ကို ရေးသားလာခဲ့တာဖြစ်ပါတယ်။သူတို့ခမျာ နေ့မအိပ်၊ညမအိပ်ဘဲ ဘယ်အချိန်ပစ်လို့၊ဘယ်နေ့သေရမလဲမသိတဲ့အပြင် ဖြစ်လာမယ့်စစ်ပွဲအတွက်မျှော်နေရတာဖြစ်ပါတယ်။PDF လူငယ်တွေအကုန်လုံးက လက်နက်မပြည့်စုံတာကြောင့် စိတ်ဓာတ်တစ်ခုတည်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျည်၊လက်နက်ရဖို့အတွက်လည်း အလှူရှင်တွေရဲ့အလှူငွေတွေကို စားသောက်ရေးအတွက်မသုံးပစ်ဘဲ အငတ်ခံစုပြီး ဝယ်ရတာဖြစ်ပါတယ်။ဒီလိုအခြေအနေဖြစ်နေပေမယ့်လည်း PDFတွေက ဘယ်အရာကိုမှမကြောက်ဘဲ တိုင်ပွဲဝင်ဖို့ဦးစားပေးနေတာဖြစ်ပါတယ်။မိမိအသက်ကိုကာကွယ်ဖို့လည်း လူငယ်လေးတွေက စခန်းနေ့တိုင်းရွှေ့နေရပြီး လုံးဝမအိပ်ရတာတောင် (၄)ရက်ရှိသွားပြီလို့သိရပါတယ်။PDF လူငယ်တစ်ဦးကလည်း သူကိုယ်တိုင်ညမအိပ်ရဘဲ မြက်တောထဲမိုးလင်းခဲ့ရတဲ့ပုံရိပ်ကို ပြည်သူတွေသိအောင်လို့ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T