အရပ်အရမ်းရှည်တဲ့ အစ်ကိုဖြစ်သူကို (၃)ပေကျော်အခေါင်းနဲ့သာ အုတ်ဂူသွင်းပေးခဲ့ရတဲ့ ရင်နင့်စရာအဖြစ်အပျက်ကို ပြောပြလာတဲ့ မိသားစုဝင်တစ်ဦး

//s9.kh1.co/fd/fd90a91ac602d5788bad0429d0bd9c3dc5906abe.jpg
နေ့စဉ်သတင်းများ

 ၂၄-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၅ နှစ် က

အရပ်အရမ်းရှည်တဲ့ အစ်ကိုဖြစ်သူကို (၃)ပေကျော်အခေါင်းနဲ့သာ အုတ်ဂူသွင်းပေးခဲ့ရတဲ့ ရင်နင့်စရာအဖြစ်အပျက်ကို ပြောပြလာတဲ့ မိသားစုဝင်တစ်ဦး

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရပြီး ထောင်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားတဲ့ ပြည်သူတွေ အများအပြားရှိနေကြပါတယ်။ ယခုမှာတော့ အမျိုးသမီးငယ်လေးတစ်ဦးဟာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့နောက်ဆုံးခရီးကို ရုပ်အလောင်းမပါဘဲ ပြုလုပ်ခဲ့ရလို့ ယနေ့အချိန်ထိ ပူဆွေးဝမ်းနည်းနေခဲ့ပါတယ်။ ကိုဗစ်ကြောင့် သေဆုံးတယ်ဆိုပြီး အာဏာရှင်လူတစ်စုက အစ်ကိုဖြစ်သူရဲ့ ရုပ်အလောင်းကို မီးသဂြိုလ်လိုက်တဲ့ လွန်ခဲ့တဲ့(၂)လက ရင်နင့်စရာအဖြစ်အပျက်လေးကို ပြည်သူတွေ သိရှိအောင် အဆိုပါအမျိုးသမီးငယ်လေးက ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

(၆)လပိုင်း(၂၅)ရက်နေ့မှာ အစ်ကိုဖြစ်သူနဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးခံရပြီး တစ်အိမ်လုံးကိုဗြောင်းဆန်အောင်မွှေနှောက်သွားကာ ပိုက်ဆံတွေက အစအကုန်ယူသွားကြောင်း၊အစ်ကိုနဲ့ အဖေပြန်လွတ်ဖို့အကူအညီတွေ လိုက်တောင်းရင်း အစ်ကိုဖြစ်သူဆုံးပါးသွားပြီဆိုတဲ့ သတင်းကြားခဲ့ရကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ အစ်ကိုဖြစ်သူရဲ့ မျက်နှာလေးကိုတောင် မိသားစုဝင်တွေကို မပြဘဲ ချက်ချင်းမီးသဂြိုလ်လိုက်​ကြတာဖြစ်ပြီး ပြီးမှတောင်းပန်ပါတယ်ဆိုကာ လျော်ကြေး(၅)သိန်းပေးကြောင်း၊ အရိုးပြာတွေကို အုတ်ဂူသွင်းခဲ့ပြီး အရပ်အရမ်းရှည်တဲ့ အစ်ကိုဖြစ်သူကို (၃)ပေကျော်အခေါင်းနဲ့ အုတ်ဂူသွင်းခဲ့ရတာ ရင်အနာဆုံးဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စစ်မှုထမ်းဟောင်းမိသားစုဖြစ်ပေမယ့် သူတို့မိသားစုဟာ ဒီတော်လှန်ရေးမှာ ကျရာနေရာကနေ ​ ရဲရဲရင့်ရင့်ပါဝင်ခဲ့​ကြတာဖြစ်ပြီး ဒီရင်နင့်စရာအကြောင်းအရာတွေကို ရေးဖို့ နှစ်လလောက်အချိန်ယူခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအရေးတော်ပုံမအောင်မြင်ရင် ကျဆုံးသွားတဲ့လူတွေအားလုံးက သူရဲကောင်းမဖြစ်ဘဲ သူပုန်တွေအဖြစ်ကျန်နေခဲ့မှာဖြစ်ပြီး ဒီအရေးတော်ပုံကြီးအောင်မှသာ ကျဆုံးသွားသူတွေဟာ သူရဲကောင်းဖြစ်မှာမို့  တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးကြဖို့ ရင်နာနာနဲ့အဆိုပါအမျိုးသမီးလေးက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T