အခြေအနေတွေအမျိုးမျိုးကြောင့် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေမှာ မိသားစုဝမ်းရေးအအတွက် အခက်အခဲတွေကြားက ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်..။
နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ရောဂါကပ်ဆိုးတွေအပါအဝင် အဘက်ဘက်ကဆိုးရွားနေတဲ့အတွက် အလုပ်အကိုင်အခက်အခဲတွေနဲ့ စားဝတ်နေရေးတွေ မပြေလည်ကြတာကြောင့် အသက်ဆုံးရှုံးနေကြရတာတွေလည်း ရှိနေကြပါတယ်..။


အခုတစ်ခါမှာလည်း စားဝတ်နေရေးအခက်အခဲကြောင့် အသက်(၂)နှစ်အရွယ် ကလေးငယ်လေးတစ်ဦး စားစရာမရှိလို့ အာဟာရပြတ်ပြီး သေဆုံးသွားခဲ့ရတာ စိတ်မကောင်းစွာတွေ့မြင်ရပါတယ်..။
သနားစရာကောင်းလွန်းတဲ့ ကလေးငယ်လေးအတွက် စေတနာရှင်ပြည်သူတစ်ဦးက နို့မှုန့်နဲ့ အာဟာရဖြစ်စေမယ့် အစားအစာတွေအပြင် အလှူငွေတွေလည်း ကူညီလှူဒါန်းခဲ့ပေမယ့် အသက်ကိုအချိန်မှီ မကယ်တင်နိုင်ခဲ့ပါဘူး..။


အံမော်ရွာမှာနေထိုင်တဲ့ အဆိုပါကလေးငယ်လေးဟာ ရက်အတော်ကြာအာဟာရချို့တဲ့မှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ(၂၂)ရက်နေ့ကပဲ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်..။
မိခင်ဖြစ်သူမှာ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုသောကတွေကြောင့် ကလေးငယ်လေးရဲ့ရုပ်အလောင်းဘေးမှာ ဝမ်းနည်းစွာငိုကြွေးနေပြီး ပြည်သူတွေကလည်း ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်နေကြရတာ တွေ့ရပါတယ်..။


သတင်း အရင်းအမြစ်៖ May Nwe Htun's Fb Acc