ပြည်သူလူထုကတော့ ကိုဗစ်ဒဏ်ကို ကာကွယ်နေရတဲ့အပြင် ပြည်တွင်းရေးအခြေအနေကြောင့်လည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလကတည်းက ပြည်သူအားလုံးက စည်းစည်းလုံးလုံးနဲ့အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာ (၆)လကျော်သွားခဲ့ပြီဖြစ်ပါတယ်။ဒီ(၆)လကျော်အတွင်းမှာလည်း လူကြီး၊လူငယ်မရွေး အသက်ပေးသွားရသလို တချို့တွေလည်း ဖမ်းဆီးချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။


တချို့လူငယ်တွေကတော့ ပြည်သူတွေကို ဒီအခြေအနေကနေကယ်တင်ဖို့အတွက် တောထဲဝင်ရောက်ပြီး စစ်ပညာသင်ယူလေ့ကျင့်နေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေကလည်း မကြာခင်မှာ အောင်ပွဲရတော့မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ အရာရာကိုအားတင်းတောင့်ခံနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် ကလေးငယ်လေးတွေကအစ တတ်နိုင်တဲ့အင်အားလေးနဲ့ အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတာကို တွေ့မြင်နေရပါတယ်။

အခုဆိုရင်လည်း တိုင်းရင်သားကလေးငယ်လေးတစ်ယောက်က လက်ရှိပြည်တွင်းရေးအခြေအနေနဲ့ပတ်သက်ပြီးသူနားလည်သလောက်ကို ပြောပြနေတာဖြစ်ပါတယ်။ကလေးငယ်လေးက အဖွားစုကို ဖမ်းဆီးချုပ်နှောင်ထားပြီးကလေးတွေအများကြီးအသတ်ခံလိုက်ရတာကြောင့် မခံမရပ်နိုင်အောင်ဖြစ်နေတာဖြစ်ပါတယ်။ကလေးငယ်လေးတစ်ယောက်ကတောင် အမှား၊အမှန်ကိုသေချာသိပြီး ပြည်သူတွေရဲ့အခြေအနေကိုကိုယ်ချင်းစာပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo Credit: Original Uploder
Source&Video Credit: Original Uploder






 Bong I.T
 Bong I.T