ပြည်သူတွေသံပုံးစတီးကြချိန်မှာ ယောက်ျားတန်မဲ့မျက်ရည်ကျခဲ့ရတဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်းရင်ဖွင့်လာခဲ့တဲ့ CDM ဗိုလ်ကြီး

//s9.kh1.co/de/def6f3708a88208a34fb655cf378858a9c98c0b7.jpeg
နေ့စဉ်သတင်းများ

 ၂၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

ပြည်သူတွေသံပုံးစတီးကြချိန်မှာ ယောက်ျားတန်မဲ့မျက်ရည်ကျခဲ့ရတဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်းရင်ဖွင့်လာခဲ့တဲ့ CDM ဗိုလ်ကြီး

ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းရေးအခြေအနေအတွက် တစ်ပတ်လောက်အကြာမှာ ပြည်သူလူထုက စတင်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ပြည်သူတွေက နေ့စဉ်ရက်ဆက်ဆိုသလို နေပူပူလမ်းမထက်မှာ မမောမပန်းနိုင်ဘဲပါဝင်ကြသလို ည (၈)နာရီရောက်ရင်လည်း မိမိတို့အိမ်မှာ သံပုံးတွေကိုအပြိုင်အဆိုင်တီးကြသေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ တပ်မတော်ကဗိုလ်ကြီးတစ်ယောက်က သံပုံးတီးတာနဲ့ပတ်သက်ပြီး သူကြုံတွေ့ခဲ့ရတာလေးကို ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

Photo Credit:People’s Soldier  Fb page
Photo Credit:People’s Soldier  Fb page
Photo Credit:People’s Soldier Fb page
Photo Credit:People’s Soldier Fb page

အဲ့ဒီဗိုလ်ကြီးကတော့ လက်ရှိမှာ CDMလုပ်ထားတာဖြစ်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိခဲ့တာဖြစ်ပါတယ်။သူCDM မလုပ်ခင်တုန်းက ရန်ကုန်မှာ ညကင်းစလှည့်တော့ ပါဝင်ခဲ့သေးတာဖြစ်ပါတယ်။ညကင်းလှည့်ချိန်မှာ ပြည်သူတွေကလည်း သံပုံးတီးနေတဲ့အချိန်ဖြစ်လို့ အဲ့ဒီအသံတွေကိုကြားပြီး CDM ဗိုလ်ကြီးလည်း ကားပေါ်မှာတင်မျက်ရည်ကျခဲ့တာဖြစ်ပါတယ်။သူမျက်ရည်ကျတာကိုလည်း ကားပေါ်မှာပါလာတဲ့တပ်သားတွေက သတိမထားမိဘူးလို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

နောက်ထပ်မြင်ကွင်းတစ်ခုကတော့ သူတို့စခန်းချထားတဲ့ဘေးကအိမ်မှာလည်း အဒေါ်ကြီးတစ်ယောက်က သူများတွေသံပုံးတီးနေတာကြောင့် သူလည်းတီးချင်နေရှာတာဖြစ်ပါတယ်။ဘေးအိမ်မှာက စစ်သားတွေရှိနေတာကြောင့်သူမခမျာ အရဲစွန့်ပြီး အပြင်ကိုထွက်ကာ လေး၊ငါးချက်လောက် သံပုံးတီးခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေကိုမြင်ခဲ့ရတဲ့ ဗိုလ်ကြီးလည်း ထပ်မံမျက်ရည်ကျခဲ့ရသေးတာဖြစ်ပါတယ်။ဗိုလ်ကြီးကတော့ CDM လုပ်ပြီးနောက်မှာ သူကိုယ်တိုင်လည်း နေတိုင်းသံပုံးတီးခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 





Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T