ဗုဒ္ဓဘာသာပိုမိုပြန့်ပွားဖို့အတွက် စာသင်စာချကိုရင်လေးတွေကိုလည်း သာသနာ့ဘောင်မှာ ပျော်မွေ့အောင် ထားဖို့ အမှန်တကယ်လိုအပ်ပါတယ်။ကျောင်းထိုင်ဆရာတော်ကြီးတွေကလည်း စည်းကမ်းတင်းကျပ်သင့်တာတွေကို တင်းကျပ်သလို ကလေးအရွယ်သာရှိသေးတဲ့ ကိုရင်လေးတွေပျော်ရွှင်အောင်လည်း အလိုလိုက်သင့်တာတွေကို လိုက်လျောပေးနေကြပါတယ်။ ယခုမှာတော့ ဆရာတော်တစ်ပါးဟာ ကျောင်းတိုက်က ဉာဏ်ကောင်းတဲ့ ကိုရင်လေးတစ်ပါးကြောင့် ပြုံးရယ်နေခဲ့ပါတယ်။


အကြောင်းကတော့ စာမေးတိုင်း အမြဲမရတဲ့ကိုရင်လေးက ပလ္လင်ပေါ်ထိုင်ပြီး ပရိတ်၊ပဋ္ဌာန်းတွေရွတ်ဖတ်နေလို့ ဘုန်းဘုန်းက အံ့သြစွာနဲ့သွားကြည့်လိုက်တဲ့အခါ မထင်ထားစရာအဖြစ်နဲ့ ကြုံတွေ့လိုက်ရပါတယ်။အဆိုပါကိုရင်လေးက ပလ္လင်ပေါ်ထိုင်ပြီး ယပ်တောင်လေးနဲ့ ကွယ်ကာ စာအုပ်ကြည့်ဖတ်နေတဲ့ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ဘုန်းဘုန်းကတော့ တပည့်ဖြစ်တဲ့အဆိုပါကိုရင်လေးရဲ့ ဉာဏ်ကောင်းပုံကိုကြည့်ပြီး စိတ်မဆိုးတဲ့အပြင် ရယ်မောနေခဲ့ပါတယ်။


ဘုန်းဘုန်းကတော့ အဆိုပါကိုရင်လေးက စာကျက်ခိုင်းရင် စာမကျက်ဘဲ ဆော့နေကြောင်း၊ ကျန်တဲ့ကိုရင်တွေ ပရိတ်ပဋ္ဌာန်းအလွတ်ရနေရင်တောင် သူကမရသေးကြောင်း၊ အလှည့်ကျလို့ ပလ္လင်ပေါ် တက်ပြီး ရွတ်ဆိုခိုင်းတော့ အထစ်အငေါ့တောင် မရှိဆိုနေတာကို ကြည့်ပြီး အံ့သြမိကြောင်း၊ မသင်္ကာတာနဲ့ သွားကြည့်တော့ ကိုရင်လေးက ပလ္လင်ပေါ်မှာ ယပ်တောင်နဲ့ကွယ်ပြီးစာအုပ်ကြည့်ဖတ်နေတာကို မြင်တွေ့ခဲ့ရကြောင်း ရေးသားထားပါတယ်။ ပြည်သူတွေ ခဏတာဘဝအမောတွေ ပြေစေနိုင်ဖို့အတွက် ဘုန်းဘုန်းမသိအောင် စာအုပ်ကြည့်ပြီး ပရိတ်ပဋ္ဌာန်းရွတ်နေတဲ့ ကိုရင်လေးတစ်ပါးရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder







