အာဏာသိမ်းမှုဖြစ်စဉ်စတင်ခဲ့တဲ့အချိန်မှာပဲ ပြည်သူအားလုံးက အာဏာရှင်ကို တက်ညီလက်ညီ တော်လှန်ခဲ့ကြပြီး အစိုးရဝန်ထမ်းတွေဟာလည်း CDM အဖြစ်ကူးပြောင်းကာ အစိုးရယန္တယား တော်တော်များများလည်းရပ်တန့်သွားခဲ့ပါတယ်။ လက်ရှိအချိန်ထိ CDM ဝန်ထမ်းတွေကလည်း သူတို့ရဲ့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားဆဲပါပဲ။ တစ်သက်လုံး မြတ်နိုးလာခဲ့တဲ့ ကိုယ့်အလုပ်ကို စွန့်ပစ်ပြီး တစ်ဝမ်းတစ်ခါးအတွက် ဈေးရောင်းပြီး ဖြေရှင်းနေကြတဲ့ CDM မိသားစုတွေရဲ့ ရဲရင့်မှုက လက်ဖျားခါလောက်ပါတယ်။

ဒီနေ့မှာလည်း အဖြူစိမ်းဝတ်ပြီး ဆော့ပင်ကိုင်တဲ့ နုနုရွရွကျောင်းဆရာမလေးအဖြစ်ကနေ တောခိုပြီး သေနတ်ကိုင်တဲ့ ရဲရဲဝံ့ဝံ့စစ်သမီးအဖြစ်ကိုကူးပြောင်းသွားတဲ့ ကျောင်းဆရာမလေးကို ပြည်သူအများက လေးစားကြောင်းမှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ ယုံကြည်ရာတစ်ခုအတွက် ဘယ်အရာကိုမှ လှည့်မကြည့်ဘဲ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ တော်လှန်ဖို့အသင့်ဖြစ်နေတဲ့ ဆရာမလေးဟာ သူမရဲ့ ဆုံးဖြတ်ချက်အတွက် လုံးဝနောင်တမရတဲ့ အာဂသတ္တိကိုပိုင်ဆိုင်ထားသူလေးပါ။

အရေးတော်ပုံကြီးအောင်မြင်ဖို့ဆိုတာ ဒီလိုစွန့်လွှတ်စွန့်စားပြီး ဒီမိုကရေစီအရယူပေမယ့် သူရဲကောင်းတွေကိုထောက်ပံ့ပေးရမှာပါ။ ဆရာမလေးဟာ CNA/F ထဲကိုဝင်ရောက်သွားခဲ့ပြီး အရင်ကဆံနွယ်ရှည်ကြီးကိုပါ အတိုတိတိလေးညှပ်ချပစ်ခဲ့ပါတယ်။ မြတ်နိုးတဲ့ ဆရာမဘဝကိုတောင် စွန့်လွှတ်ပြီးမှတော့ ဒီဆံနွယ်တွေကိုလည်း ပြတ်သားနိုင်ခဲ့ပြီဆိုတဲ့ သဘောပါပဲ။ ပြည်သူတွေဟာ ရဲရင့်တဲ့သူရဲကောင်းတွေဖြစ်တဲ့ CDM နဲ့ PDF တွေကိုပိုပြီးထောက်ပံ့ပေးဖို့လိုပါတယ်။

သတင်း အရင်းအမြစ်៖ Teacher's Voice's FB Acc





