ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးတစ်ဦးကို အနောက်ကနေ ဓားနဲ့မတရားလိုက်ခုတ်နေတဲ့ လူနှစ်ယောက်ရဲ့CCTV မှတ်တမ်းဗီဒီယိုဖိုင်

//s9.kh1.co/b7/b76fa8fdff30262cc2ee771272eba0ecf9c766ea.jpg
နေ့စဉ်သတင်းများ

 ၁၈-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၅ နှစ် က

ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးတစ်ဦးကို အနောက်ကနေ ဓားနဲ့မတရားလိုက်ခုတ်နေတဲ့ လူနှစ်ယောက်ရဲ့CCTV မှတ်တမ်းဗီဒီယိုဖိုင်

ယခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာတော်တော်များများမှာ ခိုးဆိုးလုယက်မှုတွေ အရင်ကထက် ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဆိုင်ကယ်အလစ်သုတ်တဲ့ဖြစ်စဥ်တွေ၊ အိမ်အတွင်း ကျူးကျော်ဝင်ရောက်တဲ့ ဖြစ်ရပ်တွေအပြင် အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး လုယက်တဲ့အဖြစ်တွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ် ။ လားရှိုးမြို့မှာဆိုရင်လည်း ဆိုင်ကယ်လုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေကြောင်း ပြည်သူတွေရဲ့ရေးသားဖော်ပြချက်တွေအရ သိရှိရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း လားရှိုးမြို့က ပြည်သူတစ်ဦးက မိန်းကလေးတစ်ယောက်ကို ဓားနဲ့လိုက်ခုတ်တဲ့ လူနှစ်ဦးရဲ့ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၁၄) ရက်နေ့၊ မနက် (၅)နာရီ (၃၀)ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၁၂) ကောင်းဆာဆီစက်နား ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ CCTV မှတ်တမ်းအရ လူနှစ်ယောက်က အမျိုးသမီးတစ်ဦးရဲ့အနောက်ကို ဆိုင်ကယ်နဲ့အသည်းအသန်လိုက်နေတာ တွေ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် အဲ့ဒီလူနှစ်ယောက်ကတစ်ယောက်တည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို အနောက်ကနေ ဓားနဲ့လိုက်ခုတ်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ထိတ်လန့်စရာကောင်းတဲ့ ဒီလိုလုယက်မှုတွေက ယခုရက်ပိုင်း လားရှိုးမြို့မှာ ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နေ့ကလည်း လားရှိုးမြို့၊ရက-၆ လမ်းမတော်လမ်း၊အမှတ်-(၈) အခြေခံကျောင်းနားမှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦးကို အနောက်ကနေ ဓားနဲ့လိုက်ခုတ်တဲ့လူနှစ်ယောက်ရဲ့CCTV မှတ်တမ်းဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T