သူကိုယ်တိုင် မျက်မြင်တွေ့နေရတဲ့ Gen Z လေးတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံတွေကို ဝေမျှပေးလာတဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/39/3974e44adadcf4ee325c7a43b3e3b23e9eb6ef95.jpeg
နေ့စဉ်သတင်းများ

 ၁၈-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

.

လွတ်မြောက်နယ်မြေတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေကြတဲ့ လူငယ်လေးတွေဟာ သူတို့ရဲ့မိသားစုများကို စွန့်ခွာပြီး ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ တောထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ခံပြီးအရေးတော်ပုံအောင်မြင်ဖို့အတွက် ကြိုးစားနေကြတာကိုလည်း အားရဖွယ် မြင်တွေ့ရပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတဲ့ PDF ရဲဘော်တစ်ဦးမှ Generation Z လူငယ်လေးတွေရဲ့တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံတွေကို အရှိအတိုင်း ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

Gen Z တွေရဲ့ အခိုင်မာဆုံးစိတ်ဓာတ်ကတော့ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် လွယ်လွယ်နဲ့အလျော့မပေးကြတာဖြစ်ပြီး သူတို့လေးတွေဟာ တော်လှန်ရေးအတွက် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ရန်သူတွေရဲ့ အားသာချက်နဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ထိပ်တိုက်တွေ့ဖို့ စီစဉ်ထားကြပြီး ဟန်ပြမဟုတ်ဘဲ အနိုင်ရဖို့သာ စိတ်နှလုံးထဲ ခိုင်မာစွာ မှတ်ထားကြတာ ဖြစ်ပါတယ်။ မိဘရဲ့ အရိပ်အောက်မှာ ကောင်းမွန်စွာနေထိုင်ခဲ့ရတဲ့ ဘဝတွေကို ခေတ္တမေ့ထားပြီး လေ့ကျင့်ရေးအတွက် ကိုယ့်လက်နက်ကို ကိုယ်တိုင်လုပ်ပြီးသင်တန်းဆင်းပြီးတဲ့ အချိန် လက်နက်အစစ်တွေကို ကိုင်နိုင်ကြဖို့  ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါပစေ စိတ်ဓာတ်မကျဘဲ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုတွေဖြင့်သာရှေ့ဆက်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးလူငယ်တွေထဲမှာ နယ်ပယ်အစုံမှ လူမျိုးစုံပါဝင်ပြီးသူတို့ရဲ့ ရည်မှန်းချက်သာ အရေးတော်ပုံအောင်မြင်ဖို့သာ ဖြစ်ပြီး လက်ရှိအချ်ိန်မှာလည်း တိုက်ပွဲများ အောင်နိုင်ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် လူငယ်တွေကို ပြုစုပျိုးထောင်ပေးနေရတဲ့အတွက် ကျေနပ်အားရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရေးသားထားတာ ဖြစ်ပါတယ်။ အရေးတော်ပုံအောင်မြင်ဖို့ အဘက်ဘက်ကနေ ကြိုးစားပေးနေကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T