မြန်မာငွေ (၁၂)သိန်းခွဲပေးပြီး ထိုင်းနိုင်ငံကို လူကယ်ရီပွဲစားနဲ့ အောက်လမ်းက ဝင်လာတဲ့ ရခိုင်တိုင်းရင်းသား (၇)ဦး ဖမ်းဆီးခံရ

//s9.kh1.co/f3/f3a1aa7851ee0e76359140be51b06489cb0ff12e.jpeg
နေ့စဉ်သတင်းများ

 ၁၇-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

..

လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် ပြည်သူတွေမှာ နေရေးထိုင်ရေးနဲ့ စားဝတ်နေရေးတွေ ခက်ခဲနေကြတာ တကယ်ကို အများအပြားပါပဲ..။

လက်လုပ်လက်စားပြည်သူတွေမှာ မိသားစုဝမ်းရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတဲ့အပြင် တိုက်ပွဲတွေကြောင့်လည်း နေအိမ်တွေကိုစွန့်ခွာပြီး အသက်လုရှောင်တိမ်းနေကြတာ တွေ့ရပါတယ်..။

Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc

ပြည်သူတွေမှာ အိမ်နီးချင်းနိုင်ငံတွေထဲ ခိုးဝင်ကာ အလုပ်လုပ်ကိုင်နေကြတာတွေရှိနေပြီး ဖမ်းဆီးခံခဲ့ရရင်လည်း ငွေဒဏ်ထောင်ဒဏ်တွေလည်း ချမှတ်ခံရတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံကို မြန်မာငွေ (၁၂)သိန်းခွဲပေးပြီး လူကယ်ရီပွဲစားနဲ့ အောက်လမ်းက ဝင်လာတဲ့ ရခိုင်တိုင်းရင်းသား (၇)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်..။

Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc

ဒီနှစ်ရက်အတွင်း ထိုင်းကို အောက်လမ်းကဝင်တဲ့ မြန်မာ (၄၅)ဦးကို ကန်ချဘူရီဘက်မှာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သလို လမ်းစရိတ် 25000 ဘတ် (ကျပ်ငွေ ၁၂ သိန်းခွဲ) ပေးပြီး လူကယ်ရီပွဲစားနဲ့ အောက်လမ်းက ဝင်လာတဲ့ ရခိုင်တိုင်းရင်းသား (၇)ဦးကို ဩဂုတ်လ (၁၅)ရက်နေ့က ထိုင်းနယ်စပ်လုံခြုံရေးတွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်..။

ပွဲစားက '' နင်တို့ဒီလမ်းအတိုင်းသွား ငါအနောက်က လိုက်ခဲ့မယ် '' ပြောလွတ်လိုက်ပြီးနောက် မကြာခင်မှာပဲ ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိမှာ ထိုင်းနယ်စပ်လုံခြုံရေးကို အထူးတင်းကြပ်ထားတဲ့ အရေးပေါ် အချိန်ဖြစ်တာကြောင့် အောက်လမ်းကနေ မသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc
Photo Credit - Kyawyeaung & Ye Min Kyi Acc

သတင်း အရင်းအမြစ် Ye Min Kyi Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T