ဓားရှည်တွေကိုင်ပြီး ခြိမ်းခြောက်လုယက်သူတွေလက်ကနေ အသက်လုပြေးခဲ့ရတဲ့ လူငယ်နှစ်ဦးရဲ့ရင်ထိတ်စရာ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု

//s9.kh1.co/b4/b47b21f1d4c96222edf72121956e5e98f6817d88.jpg
နေ့စဉ်သတင်းများ

 ၁၇-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၅ နှစ် က

ဓားရှည်တွေကိုင်ပြီး ခြိမ်းခြောက်လုယက်သူတွေလက်ကနေ အသက်လုပြေးခဲ့ရတဲ့ လူငယ်နှစ်ဦးရဲ့ရင်ထိတ်စရာ ကိုယ်တွေ့ဖြစ်ရပ်တစ်ခု

အခုဆိုရင် ခိုးဆိုးလုယက်သူတွေက မတည်ငြိမ်သေးတဲ့ နိုင်ငံရဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ဒုစရိုက်မှုတွေကို ပိုမိုကျူးလွန်လာကြတာကို နေရာတိုင်းမှာ တွေ့နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် လက်ရှိကာလမှာ ပြည်သူတွေအနေနဲ့ အပြင်သွားလာတာကအစ အထူးသတိရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆) ရက်နေ့ကဆိုရင်လည်း လားရှိုးမြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ဓားထောက်လုယက်ခံရတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရသေးတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

လုယက်ခံရတဲ့ လူငယ်လေးက သူရဲ့ကိုယ်တွေ့အဖြစ်အပျက်ကို တစ်ခြားပြည်သူတွေပါ သတိထားလို့ရအောင် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားမျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ သြဂုတ်လ (၁၆)ရက်နေ့၊ ညနေ (၆)နာရီခွဲကျော် (၇)နာရီဝန်းကျင်ခန့်က လားရှိုးမြို့၊ ရက-၆ လမ်းမတော်လမ်း အမှတ်-(၈) အခြေခံကျောင်းနားမှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ဖြစ်စဥ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ဓားအရှည်တွေကိုင်ဆောင်ထားတဲ့ လုယက်သူ(၃)ဦးက ဓားထောက်ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

လုယက်သူတွေက အဲ့ဒီလူငယ်နှစ်ဦးကို ဆိုင်ကယ်ရပ်ပေးဖို့ပြောပြီး မရပ်ဘဲပြေးဖို့ကြံရင် အသက်အန္တရာယ်ကို ဒုက္ခပေးမယ်လို့ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူငယ်နှစ်ဦးက ဆိုင်ကယ်ကိုမရပ်ပေးဘဲ အနောက်ပြန်လှည့်ပြီး မောင်းပြေးခဲ့တာ ဖြစ်ပါတယ် ။ လုယက်သူတွေထဲက တစ်ယောက်ကလည်း အဲ့ဒီလူငယ်နှစ်ဦးကို ဓားနဲ့လိုက်ခုတ်ပေမယ့် မမှီတာကြောင့် ဓားနဲ့လှမ်းပစ်ခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါကြောင့် လူငယ်လေးတွေခမျာ ဒဏ်ရာအနည်းငယ်ရခဲ့ပေမယ့်လည်း အသက်ဘေးကနေ လက်မတင်လေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။ ဓားထောက်လုယက်ခံရတဲ့ လူငယ်နှစ်ဦးရဲ့ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T