အခုရက်ပိုင်းတွေအတွင်း မိုးတွေသည်းထန်စွာရွာသွန်းနေတာကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲတွေရင်ဆိုင်နေရပါတယ်။ မိုးကုတ်မြို့မှာလည်း မိုးတွေသည်းသည်းမည်းမည်းရွာသွန်းခဲ့ပြီး နေအိမ်တွေပြိုကျခဲ့သလို မြေပြိုကျမှုတွေကြောင့်လည်း ပြည်သူအချို့ အသက်သေဆုံးခဲ့ကြပါတယ်။ တောင်ကျရေတွေကြောင့် ရေတိုက်စားပြီး မိုးကုတ်က လမ်းတွေ ပျက်စီးခဲ့ရသလို မြေပြိုကျမှုတွေ တောင်ပြိုမှုတွေကြောင့် လမ်းတွေပိတ်ကာ ဒေသခံပြည်သူတွေအနေနဲ့ သွားရေးလာရေး ခက်ခဲနေကြပါတယ်။



ယခုမှာတော့ မိုးကုတ်အနီးပတ်ဝန်းကျင်က ရွာတွေမှာရှိကြတဲ့ ဒေသခံပြည်သူတွေဟာ မိုးရွာသွန်းမှုနဲ့ တောင်ပြိုကျမှုကြောင့် ပျက်စီးနေတဲ့ လမ်းကို ကိုယ်တိုင်ပြုပြင်နေခဲ့ကြပါတယ်။ မိုးကုတ်/အင်းချောက်/ပန်လင်/ပြောင်ခေါင်း/ဘားနတ်လမ်းမကြီးမှာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်နေသလို တောင်ပြိုမှုကြောင့် လမ်းပိတ်နေခဲ့တာပဲဖြစ်ပါတယ်။ ဒေသခံပြည်သူတွေကတော့ စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီပြုပြင်ခဲ့ကြတာဖြစ်ပြီး ဆိုင်ကယ်တွေ၊ကားတွေ ပုံမှန်အတိုင်း သွားလာလို့ ရပြီဖြစ်ကြောင်းသိရှိရပါတယ်။



ဒေသခံပြည်သူတစ်ဦးကတော့ " ပြီးခဲ့သည့်ရက် များကရွာသွန်းခဲ့သည့်မိုးကြောင့် မိုးကုတ်/အင်းချောက်/ပန်လင်/ပြောင်ခေါင်း/ဘားနတ်လမ်းမကြီးတွင်လမ်းပျက်ပြီး မြေများပြိုကျကာ သုံးနေရာခန့် လမ်းများပိတ်သွားသော်လည်း အနီးရှိရွာများမှ စည်းလုံးညီညွှတ်စွာဝိုင်းဝန်းပြုပြင်ဆောင်ရွက်ပေးမှုကြောင့် ယနေ့တွင်ကား/ဆိုင်ကယ်များပုံမှန်ပြန်လည်သွားလာနေပြီဖြစ်ကြောင်းတွေ့ရပါသည် " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ပျက်နေတဲ့ မိုးကုတ်- ဘားနတ်လမ်းကို ကိုယ်ထူကိုယ်ထ ပြုပြင်နေကြတဲ့ မိုးကုတ်ကဒေသခံပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder








