ခုတ်လှဲဖို့ကြိုးစားသူတိုင်း အသက်ဘေးနဲ့ကြုံတွေ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ Time City က ညောင်ပင်ကြီး ရုတ်တရက်ပြိုလဲ

//s9.kh1.co/db/db4834cef161b056cdb075e388fc8f106a4ebc98.jpeg
နေ့စဉ်သတင်းများ

 ၁၆-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

..

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ကျွန်တောလမ်းနဲ့ ဟံသာဝတီလမ်းကြားမှာရှိတဲ့ Time City အတွင်းက နာမည်ကြီးတဲ့ ညောင်ပင်ကြီး ဒီကနေ့မှာ ပြိုလဲပျက်စီးသွားတယ်လို့ သိရပါတယ်..။

ယနေ့မနက်ပိုင်းကပဲ ရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပြီး ထိုညောင်ပင်ကြီးမှာ မကျွတ်မလွတ်သေးသောသူများရှိနေပြီး သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ ညောင်ပင်ကြီးပဲ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုပါညောင်ပင်ကြီးဟာ Time City ဆောက်လုပ်စဉ်မှာလည်း ခုတ်လှဲဖြိုချဖို့ကြိုးစားသူတိုင်း အသက်ဘေးနဲ့ ကြုံတွေ့ခဲ့ရပြီး သရဲခြောက်ခံရတဲ့အမျိုးမျိုးသော သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်..။

ခြောက်တာကြမ်းလွန်းလို့ နိုင်ငံတကာမှာရှိတဲ့ ကျောက်သားဘုရားရုပ်ပွားတော်တွေ ပတ်ပတ်လည်ထားရှိ ပူဇော်ပြီးတဲ့နောက်ပိုင်း ခြောက်လှန့်တာတွေ မရှိတော့ဘူးလို့လည်း သိရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

လူမှုကွန်ယက်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ ညောင်ပင်ကြီးဟာ ယခုအခါ အမြစ်ကနေ ရုတ်တရက်ပြိုလဲသွားတာကြောင့် ပြည်သူတွေက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်..။

​ဘယ်လိုမှ ခုတ်မရခဲ့တဲ့ Time City ရဲ့ အထင်ကရညောင်ပင်ကြီး ပြိုလဲမြေခသွားခဲ့တာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေလည်း ပြောသွားကြပါဦးနော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T