အလောင်းသွားသယ်ချိန်မှာ လူတစ်ချို့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ရင်ဖွင့်လာကြတဲ့ ပရဟိတသမားများ

//s9.kh1.co/d1/d10e77652e296ab13b9e3b3985c8a2784cf1816c.jpeg
နေ့စဉ်သတင်းများ

 ၁၆-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၅ နှစ် က

အလောင်းသွားသယ်ချိန်မှာ လူတစ်ချို့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ရင်ဖွင့်လာကြတဲ့ ပရဟိတသမားများ

စေတနာ့ဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေကတော့ ကိုဗစ်ပထမလှိုင်းကတည်းက ပြည်သူတွေကို ယနေ့အချိန်ထိ တစိုက်မက်မက်ကူညီပေးနေကြဆဲဖြစ်ပါတယ်။ပရဟိတအဖွဲ့တွေလည်း တစ်နေကုန်မနားမနေ သွားလာလှုပ်ရှားနေရပြီး ဗိုက်ဆာရင်တောင် ကြုံတဲ့နေရာမှာ စားသောက်ကြရတာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေအတွက် အမြဲအဆင်သင့်ရှိနေကြတဲ့ ပရဟိတအဖွဲ့တွေကလည်း တစ်ခါတလေကျရင် လူတချို့ရဲ့စိတ်ဓာတ်ကြောင့်စိတ်မကောင်းစရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 

ပရဟိတအဖွဲ့ဝင်တွေက ရန်ကုန်မြို့ရဲ့ မြို့နယ်အစုံမှ နေအိမ်တချို့တွင် အလောင်းများသယ်ဆောင်လာပြီး သုသာန်မှာတန်းစီထားချိန်မှာ ကိုယ်တွေ့ခံစားချက်များကို အပြန်အလှန်ရင်ဖွင့်ကြတာဖြစ်ပါတယ်။ပရဟိတသမားတစ်ယောက်ကတော့ အလောင်းသွားသယ်ချိန်မှာ အနံ့တွေအရမ်းထွက်နေလို့ မေးကြည့်တဲ့အခါ မနေ့ကမှသေတာဆိုပြီးလိမ်ပြောတာလည်း ကြုံခဲ့ရပါတယ်။နောက်တစ်ယောက်ကလည်း ငါးလွှာကနေ အလောင်းကိုသယ်ရတာ မနိုင်မနင်းဖြစ်နေပေမယ့် မိသားစုဝင်တွေက မကူညီပေးတဲ့အပြင် အလှူငွေငါးထောင်ဆိုပြီး လာပေးတဲ့အကြောင်းကိုလည်း ဖွင့်ဟလာတာဖြစ်ပါတယ်။

Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 

တချို့တွေဆိုရင် အလောင်းကားပေါ်တင်ပြီးချိန်မှာ အလှူငွေတစ်သောင်းပေးပြီး သွားတော့လို့ ပြောတာတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒါ့အပြင် ပရဟိတသမားတွေခမျာ ကားနောက်ကျလို့ နာရေးရှင်ရဲ့ဆူတာကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ခက်ခဲနေသူတွေအပေါ် စေတနာထားပြီး အနစ်နာခံကူညီပေးနေပေမယ့် တချို့လူတွေရဲ့ကိုယ်ချင်းစာတရားမရှိတဲ့ လုပ်ရပ်ကြောင့်ပရဟိတသမားတွေခံစားနေရတဲ့ အဖြစ်အပျက်အစုံအလင်ကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 
Photo Credit:ဘို စိန် Facebook Acc 

Source&Photo Credit:ဘို စိန် Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T