အာဏာသိမ်းမှုအပြီး နယ်ပယ်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းတွေဟာ အာဏာရှင်ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာပါဝင်ခဲ့သလို ပြည်သူတွေဟာလည်း အာဏာရှင်အလိုမရှိတဲ့ သပိတ်တွေကို ဆင်နွှဲခဲ့ကြပါတယ်။ CDMမှာပါဝင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆရာဝန်တွေ၊ကျောင်းဆရာဆရာမတွေ၊ ရဲဝန်ထမ်းတွေလည်းရှိသလို ဘေးကင်းရာနေရာတွေမှာ နေထိုင်ရင်း ဆက်လက်CDMပြုလုပ်နေတဲ့ ဝန်ထမ်းတွေလည်း ရှိကြပါတယ်။ ဒေါက်တာမြဝတ်ရည်တစ်ယောက်ဟာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ၅၀၅(က)နဲ့ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။


ခွဲစိတ်အထူးကု ဆရာဝန်ဖြစ်တဲ့ ဒေါက်တာမြဝတ်ရည်တစ်ယောက်ဟာ ရင်သွေးငယ်လေးကို လွယ်ထားရပြီး ဘေးကင်းရာနေရာဖြစ်တဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ ယနေ့သြဂုတ်လ(၁၅)ရက်နေ့မှာတော့ ဒေါက်တာမြဝတ်ရည်တစ်ယောက် သူရဲ့ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ လွတ်မြောက်နယ်မြေမှာ ရင်သွေးငယ်လေးကို မွေးဖွားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူဒေါက်တာမြဝတ်ရည်ရော ကလေးငယ်လေးပါ ကျန်းမာဘေးကင်းတယ်လို့ သိရှိရပါတယ်။


ပထမဆုံး ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း profileလေးချိန်းပြီး ပြည်သူတွေကို အသိပေးလာခဲ့တာပဲဖြစ်ကာ ဒေါက်တာကတော့ ရင်သွေးငယ်လေးကို " Mia "လို့ အမည်ပေးထားခဲ့ပါတယ်။ ဘေးကင်းကင်းနဲ့ ရင်သွေးလေးကို မွေးဖွားနိုင်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်အတွက် ပြည်သူတွေက Congratulationsပြုလုပ်နေကြပြီး တစ်မိသားစုလုံးကျန်းမာကြစေဖို့ ဆုတောင်းပေးနေကြပါတယ်။ ဒေါက်တာမြဝတ်ရည်တို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Mya Wut Yee ' s Facebook Acc






