အရေးတော်ပုံအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေတဲ့ ယခုလိုကာလမှာ သူရပ်နားလိုက်တဲ့ အရာနှစ်ခုကို ပြောပြလိုက်တဲ့ ဗိုလ်ကြီးမင်းမောင်မောင်

//s9.kh1.co/a2/a2b021d14af084fb5a3f48746f3e9ad4caedf316.jpg
နေ့စဉ်သတင်းများ

 ၁၂-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

အရေးတော်ပုံအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေတဲ့ ယခုလိုကာလမှာ သူရပ်နားလိုက်တဲ့ အရာနှစ်ခုကို ပြောပြလိုက်တဲ့ ဗိုလ်ကြီးမင်းမောင်မောင်

ပထမတန်းခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကတော့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ကနေထွက်လာပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDMမှာပါဝင်လျက်ရှိနေတဲ့ ဗိုလ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်လျက်ရှိနေတဲ့ ဗိုလ်ကြီးမင်းမောင်မောင်ဟာ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ပျောက်ကွယ်နေတာကြောင့် ပြည်သူတွေက စိတ်ပူနေကြပါတယ်။ ယခုမှာတော့ CDMဗိုလ်ကြီးမင်းမောင်မောင်က FBပေါ်ကနေ ပျောက်ကွယ်နေရတဲ့ အကြောင်းအရင်းကို စိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် ပြောပြလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

Facebook အပိတ်ခံရပြီး ဘာမှတင်မရလို့ စာတွေမရေးတော့တာဖြစ်ကာ အလုပ်တွေဆက်တိုက်လုပ်နေ​တာကြောင့် လူမှုကွန်ယက်ထက်ကနေ ပျောက်ကွယ်နေတာဖြစ်ကြောင်း ဗိုလ်ကြီးမင်းမောင်မောင်က ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဗိုလ်ကြီးမင်းမောင်မောင်ကတော့ မီဒီယာတွေနဲ့ interview တွေဖြေတာကို ရပ်နားထားသလို onlineစာရေးခြင်းကိုလည်း ရပ်နားလိုက်ပြီဖြစ်ကြောင်း ဖွင့်ဟထားခဲ့ပါတယ်။ ပျောက်ကွယ်နေတဲ့ ကာလမှာ လက်တွေ့ဆန်တဲ့အလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေ မျှော်လင့်နေတဲ့နေ့ရက်တွေကို မကြာခင်ရောက်တော့မှာဖြစ်ကြောင်း ဗိုလ်ကြီးက ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေကလည်း ဗိုလ်ကြီးမင်းမောင်မောင်ကို မတွေ့တာကြာလို့ စိတ်ပူနေကြောင်း၊ ကျန်းမာရေးဂရုစိုက်ဖို့နဲ့ အားတင်းကြဖို့ အားပေးစကားတွေပြောဆိုနေကြပါတယ်။ ဗိုလ်ကြီးမင်းမောင်မောင်ကတော့ fbအပိတ်ခံရလို့ ဘာမှမတင်တာဖြစ်ပြီး ယခုပြန်ရပြီဖြစ်ကြောင်း၊ interviewတွေ onlineစာရေးခြင်းတွေကို ရပ်နားထားကြောင်း၊ လက်တွေ့ဆန်တဲ့ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး silentနေကာ online သတင်းတွေ၊တစ်ဖက်အခြေအနေတွေကို စောင့်ကြည့်နေကြောင်း၊ ပြည်သူတွေမျှော်လင့်နေတဲ့ကာလလည်းမကြာခင်လာတော့မှာဖြစ်ပြီး အရေးတော်ပုံအောင်တော့မှာဖြစ်ကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T