ပြီးခဲ့တဲ့ ဩဂုတ်လ(၁၀)ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၄)လမ်းမှာ တိုက်ပေါ်ကခုန်ချသေဆုံးသွားခဲ့ကြတဲ့ လူငယ်တွေနဲ့ ပတ်သတ်ပြီး ပြည်သူတွေ အားလုံးက ယူကြုံးမရဝမ်းနည်းနေကြတာ ဖြစ်ပါတယ်..။
အဆိုပါ တိုက်ပေါ်ကခုန်ချသေဆုံးမှုမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မဝေဝေမြင့်နဲ့ ပတ်သက်ပြီး သေဆုံးမှုကိုရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ခံနေရတယ်လို့ သိရပါတယ်..။

မဝေဝေမြင့်(ခ)မပန်းသီးအတွက် R.I.P လုပ်ကြတဲ့သူတွေနဲ့ ပို့စ်တင်ကြတဲ့သူတွေကို report ထုပြီး သေဆုံးမှုကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ခံနေရသလို speak out လုပ်ပေးသူအချို့လည်း cb မှာ ခြိမ်းခြောက်ခံရတာတွေ ရှိတယ်လို့ သိရပါတယ်..။
"နာမည်အရင်းတောင် တော်တော်နဲ့ မသိဘဲ ပိုးကျော့ကျော့သွယ်ဆိုပြီး လုံးချခံရတာ။ မဝေဝေမြင့်(ခ)မပန်းသီးအတွက် (၄၄) လမ်း case အတွက် speak out လုပ်ပေးသူအချို့ cb မှာ ခြိမ်းခြောက်ခံရတာတွေရှိတယ်။ (၄၄)လမ်းဖြစ်ရပ်ဆိုးကို ကမ္ဘာကသိစေချင်တဲ့အတွက် Speak out လုပ်ပေးကြဖို့ မဝေဝေမြင့်(ခ)မပန်းသီးရဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာစိုးမြတ်သူ ကဆန္ဒရှိတယ်။ ကျန်ခဲ့တဲ့ မိသားစုကို အန္တရာယ် ဖြစ်မှာစိုးလို့ စေတနာမှန်နဲ့ report ထုချင်သူတွေ နားလည်လောက်မယ် ထင်ပါတယ်။ ကျဆုံးသွားသူ အားလုံးအတွက် speak out ပေးကြပါ။"လို့ ခင်ပွန်းဖြစ်သူနဲ့ နီးစပ်သူတစ်ဦးက ပြောပြလာတာ ဖြစ်ပါတယ်..။

မဝေဝေမြင့်(ခ)မပန်းသီး ရဲ့ ရုပ်အလောင်းကို တော့ ဩဂုတ်လ(၁၁)ရက်နေ့ ညနေပိုင်းက မီးသဂြိုလ်ခွင့်ရခဲ့ပေမယ့် ဓါတ်ပုံရိုက်ခွင့်မရရှိခဲ့သလို အရိုးပြာကောက်ခွင့်လည်း မရရှိခဲ့ဘူးလို့ ခင်ပွန်းဖြစ်သူ ဒေါက်တာစိုးမြတ်သူက ဝမ်းနည်းစွာ ပြောပြထားပါသေးတယ်..။
ပြည်သူတွေကတော့ ဒူးမထောက်ဘဲအသက်ပေးသွားကြတဲ့ မဝေဝေမြင့်နဲ့လူငယ်လေးတွေအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေကြသလို တတ်နိုင်သလောက် speak out လုပ်ပေးနေကြတာလည်း တွေ့ရပါတယ်..။






