နှစ်စဥ်နှစ်တိုင်း မြန်မာနိုင်ငံရဲ့ မိုးရာသီကာလတွမှာတော့ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကိုပါ မကြာခဏ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ လတ်တလောမှာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေ ဖြစ်နေတဲ့ကြားကနေ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေရဲ့ မြို့နယ်တချို့တွေမှာ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေအပြင် မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။



ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ခဲ့ရပြီး ကူညီကယ်ဆယ်ရေးတွေအပြင် အလှူရှင်များကလည်း တတ်နိုင်သလောက်လှူဒါန်းပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတယ်လို့ ကြားသိရပါတယ်။ တာချီလိတ်မှာ သြဂုတ်လ (၁၀)ရက်နေ့ ညပိုင်းလောက်က မိုးအဆက်မပြတ် ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။



ယနေ့မနက်ပိုင်းမှာတော့ တောင်ကျရေများဟာ မြို့ထဲကို အဆက်မပြတ် ဝင်ရောက်ခဲ့ပြီး ရပ်ကွက်တချို့ ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ တချို့အနိမ့်ပိုင်းမှာဆိုရင် လူနေအိမ်တွေထဲထိကို ရေများဝင်ရောက်ပြီး အခက်ကြုံနေရတာ ဖြစ်ပါတယ်။ တာချီလိတ်မြို့ဟာ ကိုဗစ်ရောဂါကူးစက်မှုတွေကို အလူးအလဲခံစားနေရတဲ့ကြားကနေ ယခုလို ရုတ်တရက် ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။


သတင်း အရင်းအမြစ်៖ Source -Original Upload