ခုကာလတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်သူအချင်းချင်း မကြည့်ရက်လို့ ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေ ကူညီဖေးမလျက်ရှိကြပါတယ် ။ အခြေခံ လက်လုပ်လက်စား ပြည်သူတွေဆိုရင် ဒီလို အခြေအနေတွေမှာ အလုပ်တွေလည်း ရှားပါးနေတာကြောင့် စားဝတ်နေရေးအတွက် အတော်လေး အကျပ်တွေ့နေပြီး ခက်ခဲစွာ ရင်ဆိုင် ဖြေရှင်းနေကြရပါတယ် ။


ယခုလို အခြေအေနေဆိုးတွေကို မကြည့်ရက်တဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေက တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အခုလည်း ချောင်းသာဘက်က ဇီးရိုးရွာလေးမှာ နေထိုင်ကြတဲ့ ပြည်သူအများစုခမျာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ် ။ ချောင်းသားကမ်းခြေကို လာရောက်လည်ပတ်သူတွေ အရင်လို မရှိတာကြောင့် အလုပ်အကိုင်တွေ ရှားနေကြတာလည်းဖြစ်ပါတယ် ။


ဒါ့ကြောင့် စေတနာရှင် ပြည်သူတစ်ဦးက ဇီးရိုရွာကို သွားရောက်ပြီး လိုအပ်တာများ လှူဒါန်းခဲ့တာကိုတွေ့ရပါတယ် ။ ဒီလို လှူဒါန်းရင်း ရွာထဲက မိန်းကလေးငယ် တော်တော်များရဲ့ ဆံပင်တွေ တိုတိုလေးတွေဖြစ်နေကြတာကို သတိထားမိပြီး မေးမြန်းကြည့်ရာ စားစရာမရှိလို့ ဆံပင်ဖြတ်ရောင်းပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း ပြောပြထားရာ စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဇီးရိုးရွာက ဒီအဖြစ်အပျက်လေးနဲ့အတူ အလှူပုံတွေကိုပါ ဝေမျှပေးလိုက်ပါတယ် ။







