ဒေါက်တာနာဂသိန်းလှိုင်ကို ရည်စူးပြီး မင်းတပ်မြို့ရှိ CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ကို လှူဒါန်းခဲ့တဲ့ ဆရာဝန်မလေးအငြိမ်း

//s9.kh1.co/a0/a0e98ceb42973ad6a47ecf889676f57383f3e9f1.jpeg
နေ့စဉ်သတင်းများ

 ၁၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၅ နှစ် က

ဒေါက်တာနာဂသိန်းလှိုင်ကို ရည်စူးပြီး မင်းတပ်မြို့ရှိ CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ကို လှူဒါန်းခဲ့တဲ့ ဆရာဝန်မလေးအငြိမ်း

လက်ရှိမှာဆိုရင် လူငယ်တိုင်းက မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်းကနေ လူမှုအကျိုးပြုနေတာဖြစ်ပါတယ်။ငွေအားတက်နိုင်သူကလည်း ငွေအားနဲ့ပါဝင်ကြသလို တချို့တွေကလည်း လုပ်အားဒါနနဲ့ ဝိုင်းဝန်းကူညီကြတာဖြစ်ပါတယ်။ပြည်သူလူထုက ဒီလိုအခြေအနေမျိုးမျာ စည်းလုံးညီညွတ်စွာနဲ့ မျှော်လင့်နေတဲ့တစ်နေ့ကို ရောက်ရှိလာဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူမှုအကျိုးပြုနေတဲ့ထဲကဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအငြိမ်းကိုလည်း ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဆရာဝန်မလေးအငြိမ်းက သွားလာရခက်ခဲတဲ့ တောင်ပေါ်ဒေသလေးတွေမှာ စစ်ရှောင်ပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ဆရာဝန်မလေးကတော့ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ကျိုးစွန့်ပြီး အများကောင်းကျိုးကိုသာ စေတနာအပြည့်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ဩဂုတ်လ (၁၀)ရက်နေ့ကဆိုရင်ဆေးလောကရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်သွားခဲ့လို့ ပြည်သူတွေလည်းအရမ်းဝမ်းနည်းခဲ့ကြပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒေါက်တာအငြိမ်းက ဆရာဝန်ကြီးနာဂသိန်းလှိုင်ကို ရည်စူးပြီး မင်းတပ်မြို့နယ်ရှိ CDM ဝန်ထမ်းတွေကို ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း တစ်ထောင်တစ်ရာသုံးဆယ့်လေးသိန်းငါးသောင်း (၁၁၃၄၅၀၀၀၀) ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။မင်းတပ်မြို့နယ်ရှိ အစိုးရဌာန (၄၄)ဌာနမှ CDM ဝန်ထမ်း (၂၂၆၉)ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဆီပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေဆောင်ရွက်နေတဲ့ဒေါက်တာအငြိမ်းရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Chin World 
Photo Credit:Chin World 
Photo Credit:Chin World 
Photo Credit:Chin World 

Source&Photo Credit:Chin World 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T