သြဂုတ်လ(၁၀)ရက်နေ့ မနေ့ကတော့ မြန်မာပြည်သူတွေအတွက် အလွန်ကြေကွဲဝမ်းနည်းရပြီး မမေ့နိုင်ဖြစ်ရတဲ့ နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။အကြောင်းကတော့ ရန်ကုန်မြို့၊(၄၄)လမ်းမှာ အာဏာရှင်တစ်စုက အင်အားအလုံးအရင်းနဲ့လာရောက်ပြီး ပိတ်ဆို့ဖမ်းဆီးခဲ့လို့ လူငယ်လေးတွေဟာ ထွက်ပြေးရင်း တိုက်ပေါ်က ခုန်ချသွားတဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။ လူငယ်လေး(၂)ဦးကတော့ ပွဲချင်းပြီး ကျဆုံးသွားခဲ့ရသလို ဒဏ်ရာတွေရရှိသွားတဲ့ ကျန်(၃)ယောက်ကိုလည်း Ambulance ကားတွေနဲ့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။


ခေါ်ဆောင်သွားခံရတဲ့(၃)ယောက်ပါ ဆုံးပါးသွားပြီလို့ သိရပြီး ကျဆုံးသွားတဲ့ လူငယ်လေး(၅)ယောက်မှာ ယောကျာ်းလေး(၄)ယောက်၊မိန်းကလေး(၁)ယောက်တို့ပါဝင်ကြပါတယ်။ကျဆုံးသွားတဲ့ အဆိုပါလူငယ်လေး(၅)ယောက်အတွက် ပြည်သူတွေက ရင်ကွဲမတတ် ခံစားနေရသလို ရဲရင့်ပြတ်သားလှတဲ့ သူတို့ရဲ့စိတ်ဓာတ်လေးတွေကိုလည်း လေးစားနေကြပါတယ်။ ယခုမှာတော့ လူငယ်လေးတစ်ယောက်ဟာ (၄၄)လမ်းက ဖြစ်ရပ်လိုပဲ သူကိုယ်တိုင်လည်း အာဏာရှင်တစ်စုရဲ့ လိုက်ဖမ်းတာခံရလို့ ထွက်ပြေးရင်း မှန်ခွဲပြီး တိုက်ပေါ်က ခုန်ချဖို့စဥ်းစားခဲ့ဖူးကြောင်း ဖွင့်ဟလာခဲ့ပါတယ်။


ထွက်ပြေးရင်း တိုက်အပေါ်ဆုံးထပ်ရောက်လို့မှ တံခါးဖွင့်ပေးမယ့်လူမရှိရင် ခုန်ချမယ်ဆိုပြီး တွေးခဲ့ဖူးကြောင်းကို အဆိုပါလူငယ်လေးက ပြောပြလာခဲ့တာဖြစ်ပါတယ်။ အဆိုပါလူငယ်လေးက " ကိုယ်တိုင်လည်းတစ်ချိန်ကထွက်ပြေးရင်းအပေါ်ဆုံးထပ်ရောက်လို့မှတံခါးဖွင့်ပေးမယ့် သူမရှိရင် မှန်ခွဲခုန်ချလိုက်ဖို့တွေးခဲ့ဖူးတယ် ဒီကောင်တွေလက်ထဲအမိခံမလား သေမလားဆိုတာ ကိုရွေးချယ်ဖို့တွေးကြတာပါပဲ ။ ညီငယ်တွေကောင်းရာမွန်ရာဘုံဘဝမှာငြိမ်းချမ်းစွာအနားယူကြပါတော့ "ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားပါတယ်။
Source : Original Uploder
