ညအိပ်တပ်စွဲပြီး တစ်ရွာလုံးကို စိတ်ကြိုက်မွှေနှောက်ကာ လူနေအိမ်တစ်လုံးကိုလည်း ပြာကျသည်ထိ မီးရှို့သွားခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ

//s9.kh1.co/78/785c36435c68be71a0d00ad0445ae17b5b585942.png
နေ့စဉ်သတင်းများ

 ၁၀-သြ-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ အာဏာရှင်လူတစ်စုရဲ့ လက်ပါးစေတပ်သားတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်တာတွေအများကြီးရှိလာခဲ့ပါတယ်။ နယ်မြို့လေးတွေသာမကဘဲ မြို့ကြီးပြကြီးတွေက ပြည်သူတွေပါထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေနေရတာ (၆) လ ကျော် ကြာမြင့်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဘယ်လိုပဲကြောက်ရွံ့နေပါစေ ပြည်သူတွေရဲ့ရင်ထဲကအမှန်တရားနဲ့ ဒီမိုကရေစီအိပ်မက်ကတော့ ပျောက်ဆုံးမသွားခဲ့ပါဘူး။ လက်ရှိမှာလည်း ပြည်သူ့တပ်သားတွေဟာ ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်မှုတွေရှိနေတာကြောင့် နေရာတိုင်းလိုလိုမှာ လုံခြုံရေးတပ်ကျပ်တာတွေ ရှိနေခဲ့ပါတယ်။

Photo Credit - Khin U Real News's FB Acc

ဒီနေ့မှာလည်း ဒီပဲယင်းမြို့နယ်ထဲက မြင်းတန်ကျေးရွာလေးကို စစ်ကောင်စီတပ်တွေဟာ ညအိပ်တပ်စွာပြီး (၂) ရက်တိတိ မွှေနှောက်ရှာဖွေကာ ယနေ့သြဂုတ်လ (၁၀) ရက်နေ့မှာတော့ မြင်းတန်ကျေးရွာက ထွက်ခွာသွားခဲ့ပြီး ကန်ဦးကုန်းအပိုင်းဘက်မှ လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကာ နေ့လယ် (၂) နာရီ ဝန်းကျင်မှာ ကြည်ရွာကုန်းရွာဘက်သို့ထွက်သွားကြောင်း ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုကြီးရဲ့ ဘဝဟာ မလူးသာမလွန့်သာဖြစ်နေခဲ့ရပါတယ်။

Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc

တော်လှန်ပုန်ကန်သူမှန်သမျှကို ရှင်းလင်းပစ်တဲ့ အာဏာရှင်ရဲ့ရက်စက်မှုတွေကြောင့် တိတ်တဆိတ် လှုပ်ရှားမှုတွေရှိနေပြီး ရတဲ့နည်းနဲ့တွန်းလှန်ဖို့ကြိုးစားနေကြပါတယ်။ နေရာအနှံ့အပြားမှာ မကြာခဏ ဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်နေပြီး တရားခံကိုတော့ လက်ရဖမ်းမိတာမျိုးမရှိသေးပါဘူး။ ရက်စက်မှုတွေဟာ ဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်လို့ ပြည်သူအများက မိမိတို့ရဲ့အသက်အိုးအိမ် စည်းစိမ်ကို ဂရုတစိုက်နဲ့နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc
Photo Credit - Khin U Real News's FB Acc

သတင်း အရင်းအမြစ် Khin U Real News's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T