နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း "ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF" အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အခုလိုတောတောင်ထဲတွေမှာ စစ်ပညာသင်ယူကြရင်း အခက်အခဲမျိုးစုံကြုံတွေ့ကြရပြီး ငှက်ဖျားရောဂါ အန္တရာယ်တွေလည်း စိုးရိမ်ရတဲ့အပြင် ကျွတ်တွေ၊မျှော့တွေလည်းပေါများပြီး အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေပူမရှောင်မိုးရွာမရှောင် ကြိုးစားနေကြတာဖြစ်ပါတယ်။


ကိုယ့်စားရိတ်ကိုယ်စားပြီး အာဏာရှင်တော်လှန်ဖို့အတွက် ကြိုးစားနေကြတဲ့လူငယ်လေးတွေဟာ အစားရေစာရှားပါးမှုတွေလည်း ကြုံကြရသလို uniformကအစ လိုအပ်မှုတွေရှိနေခဲ့ပါတယ်။ အခုလို လိုအပ်ချက်တွေဖြည့်ဆည်းဖို့အတွက် ပြည်သူတွေဘက်ကနေလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေကြပြီး အလှူငွေတွေခံကာ PDFရဲဘော်တွေအတွက် တတ်နိုင်သရွေ့ ကူညီနေကြတာဖြစ်ပါတယ်။


အခုဆိုရင်လည်း PDF ရဲဘော်လေးတွေရဲ့ စခန်းတစ်ခုမှာ uniformမပြည့်စုံမှုတွေရှိတာကြောင့် ပြည်သူတွေစုပေါင်းပြီး uniformလှူဒါန်းခဲ့ကြတာလည်းတွေ့ရပါတယ်။ အခုလို ကိုယ့်အသက်ကိုယ်တောင် ပဓာနမထားပဲ အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းဖို့အတွက် စိတ်အားထက်သန်နေကြတဲ့ လူငယ်လေးတွေကတော့ တကယ်ကိုလေးစားစရာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်៖ Myanmarload





